DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်အလှူဝင်ငွေ ၅ နှစ်အတွင်း ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာ
DVB
·
January 9, 2021
ရွှေတိဂုံစေတီတော်အလှူဝင်ငွေ ၅ နှစ်အတွင်း ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာ
Donate to DVB

ရွှေတိဂုံစေတီတော်ရဲ့ အလှူဝင်ငွေဟာ ၅ နှစ်အတွင်းမှာ ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။


သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၁၆-၂၁ ခုနှစ် ၅ နှစ်အတွင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ ပြောခဲ့တာပါ။


ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး အလှူခံပုံးချတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် အလှူငွေတိုးလာတယ်လို့ ဆိုပါတယ်။


စေတီတော်မှာ ပိုကောင်းအောင်၊ ပိုလုံခြုံအောင်၊ အဆင့်မြင့်အောင်တည်ဆောက်နေပေမယ့် ရန်ပုံငွေက ကုန်မသွားဘဲ တိုးတိုးလာတယ်လို့ ဆိုပါတယ်။


“တဖက်က အလေအလွင့်မရှိအောင် ထိန်းသိမ်းလိုက်တဲ့အခါမှာ စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ငွေက ကျနော်တို့ စတင်လက်ခံဆောင်ရွက်တုန်းက ၅၈ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၇ ခုနှစ်မှာ ၆၅ ဘီလီယံ လောက်အထိ တက်ပါတယ်။ ၂၀၁၈ မှာ ၇၃ ဒသမ ၉၆ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၉ ခုနှစ်မှာ ၈၉ ဒသမ ၈၇ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာလအထိ ၉၄ ဒသမ ၁၂ ဘီလီယံ အထိ တက်လာခဲ့ပါတယ်။ ဒါကျပ်ငွေ တခုပဲ ရှိပါသေးတယ်။ အမေရိကန်ဒေါ်လာလည်း ဘာပြောပြော သန်း ၂၀ လောက် နီးပါးရှိနေပါသေးတယ်။ ကျန်တဲ့ငွေတွေလည်း ရှိနေပါသေးတယ်။”


ဖိနပ်အပ်တဲ့လုပ်ငန်းကိုလည်း ကန်ထရိုက်မပေးတော့ဘဲ ဝန်ထမ်းက ဝန်ဆောင်မှုပေးပြီး အလှူထည့်နိုင်တဲ့ ပုံစံမျိုး လုပ်ထားကာ အရင် ကန်ထရိုက်လုပ်ငန်းတုန်းကထက် ၁၀ ဆမက ပိုရတယ်လို့ ဆိုပါတယ်။


ဝန်ကြီး သူရဦးအောင်ကိုက “ဟိုတုန်းက တနှစ်လုံးရတဲ့ လေလံကြေးက သိန်း ၅၀၀ မကျော်ပါဘူး။ အခု ကန်ထရိုက်စနစ် ဖြုတ်ပြီးမှ သော့ခတ်ပြီးမှ အလှူခံပုံးချတဲ့စနစ် ကျင့်သုံးလိုက်တဲ့အခါကျတော့ သိန်း ၅၀၀ က တနှစ် တနှစ်မှာပေါ့လေ။ ဝါဆိုလပြည့်နေ့တို့၊ သီတင်းကျွတ်လပြည့်နေ့တို့၊ တန်ဆောင်မုန်းလပြည့်တို့၊ အခါကြီးနေ့ကြီး ၃ ရက်နဲ့ကို သိန်း ၅၀၀ မက ရပါတယ်။ အခုကျတော့ ငွေပမာဏသည် အဆ ၁၀၀ မက တက်သွားပါတယ်။ ကျန်တဲ့လုပ်ငန်းတွေမှာလည်းပဲ အဲဒီအတိုင်းပါပဲ” လို့ ပြောပါတယ်။


စေတီတော် ရင်ပြင်တခုလုံးမှာ စကျင်ကျောက်ပြားတွေ အစားထိုး လဲလှယ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။


အရင်ကကပ်လေ့ရှိတဲ့ ရွှေသင်္ကန်းတွေဟာ ရန်ကုန် ရာသီဥတုကြောင့် ၅ နှစ်ပဲခံပြီး ရွှေသင်္ကန်းကပ်ဖို့ ငြမ်းဆင်ခချည်းပဲ ကျပ်သိန်း ၁၅၀၀ လောက်ကုန်ကျတယ်လို့ ပြောပါတယ်။


အဲဒီက ရွှေမိုက်ထုတ်တဲ့အခါမှာလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ရပြီး ကျန်တဲ့ရွှေတွေကတော့ မိုးလေကြောင့် ဆုံးရှုံးသွားလေ့ရှိတာကြောင့် ရာသီဥတုဒဏ်ခံနိုင်တဲ့ရွှေပြားတွေ ထုတ်လုပ်နိုင်ဖို့ ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ ရွှေပြားကြိတ်စက်တခုကို တောင်ဘက်မုခ်နားမှာ တည်ဆောက်ပြီး အဲဒီကနေ ရွှေပြားတွေ ထုတ်လုပ်နေပြီလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013