DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီ သာသနိကအဆောက်အဦပုံများ ဗန်းပြအလှူခံသူများကို အရေးယူမည်
DVB
·
January 9, 2021
ကျိုက်ထီးရိုးစေတီ သာသနိကအဆောက်အဦပုံများ ဗန်းပြအလှူခံသူများကို အရေးယူမည်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော်ရဲ့ သာသနိက အဆောက်အဦပုံတွေ ဗန်းပြပြီး ပြင်ပမှာ အလှူခံ‌နေသူတွေကို ဥပဒေနဲ့အညီ အမှုဖွင့်လှစ်အရေးသွားမယ်လို့ စေတီဂေါပကအဖွဲ့ဝင် ဦးစိုးလှိုင်က ပြောပါတယ်။


“ကိုဗစ်ကာလ စေတီကို ဖူးမျှော်ခွင့်တွေ ပိတ်ထားချိန် အချို့က ခုလို အလှူခံတာတွေ ရှိ‌နေတယ်လို့ ကြားသိရလို့ပါ။ ဂေါပကအဖွဲ့က လွဲရင် ပြင်ပကို  ဘယ်လိုအလှူခံကိုမှ လွှတ်ထားတာမရှိပါဘူး။ ဗွီနိုင်း‌တွေနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ပေးထားပြီးဖြစ်ပါတယ်။”


ကျိုက်ထီးရိုးစေတီတော်နဲ့ပတ်သက်ပြီး ပြင်ပအလှူခံစေလွှတ်ထားတာ မရှိသလို ပြင်ပနေရာတွေမှာလည်း အလှူခံဌာန မဖွင့်ထားတာကြောင့် အများပြည်သူက လှူဒါန်းလိုပါက ဂေါပကအဖွဲ့ကို တိုက်ရိုက်ဖုန်းနဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။


ဆံတော်ရှင်ကျိုက် ထီးရိုးစေတီသာသနိက အဆောက်အဦ ပုံတွေကိုအသုံးပြုပြီး အလှူခံတာ မပြုလုပ်ဖို့၊ ကျိုက်ထီးရိုး စေတီတော်နဲ့ပတ်သက်ပြီး မည်သည့် လူ၊ ရဟန်း၊ ပုဂ္ဂိုလ်ကိုမှ အလှူခံခွင့်ပြုထားခြင်း မရှိထားလို့ အလှူခံနေသူတွေကို  တွေ့ရှိပါက ဥပဒေနဲ့အညီ  အရေးယူမယ်လို့ ဂေါပကအဖွဲ့က အခုလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


မွန်ပြည်နယ် အထင်ကရ စေတီတစ်ဆူဖြစ်တယ့် ကျိုက်ထိုမြို့နယ်က  ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ယခင်က ပွဲ‌တော်ချိန်သာ ဖွင့်လှစ်ခဲ့ပေမယ့် နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာကြောင့် တစ်နှစ်ပတ်လုံး တက်ရောက်ဖူး မြော်ခွင့်ပေးထားပေမယ့် ကိုဗစ်ကာလ မတ်လကတည်းက စတင်ပိတ်ထားတာလည်းဖြစ်ပါတယ်။


စေတီတော်ကြီးရဲ့ ပွဲတော်ချိန်မဟုတ်ပါက ပျှမ်းမျှ နေ့စဉ် ပြည်ပခရီးသွား ၂၀၀ ကျော်နဲ့ ပြည်တွင်းခရီးသွား ၅,၀၀၀ နီးပါးလောက် လာရောက်လေ့ရှိပြီး ပွဲတော်ကာလနဲ့ အခါကြီး ရက်ကြီးနေ့တွေမှာတော့ ဘုရားဖူးဧည့်သည် သိန်းချီလာရောက်လေ့ရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော်ဂေါ ပကအဖွဲ့ဆီက သိရပါတယ်။


ရဲထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013