DVB Logo
Home
မြန်မာသတင်း
Wave Money မှ ငွေလွှဲမှုပမာဏ တစ်နှစ်အတွင်း ကျပ်ငွေ ၁၂ ထရီလီယံအထိရှိလာ 
DVB
·
January 8, 2021
Wave Money မှ ငွေလွှဲမှုပမာဏ တစ်နှစ်အတွင်း ကျပ်ငွေ ၁၂ ထရီလီယံအထိရှိလာ 
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ  နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို အသုံးများလာကြပြီး ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာကျပ်ငွေ ၁၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ဘီလီယံ) အထိ ငွေကြေးလွှဲပြောင်းပေးခဲ့ရတယ်လို့ Wave Money ငွေကြေးဝန်ဆောင်မှု လုပ်ငန်းက  တရားဝင်ထုတ်ပြန်ပါတယ်။

ဒီပမာဏဟာ မနှစ်ကထက်နှစ်ဆမြင့်တက်သွားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်က ငွေလွှဲနှုန်း ပမာဏဟာ မြန်မာကျပ်ငွေ ၆ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ)သာရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါဟာ ခန့်မှန်းခြေအရ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး စုစုပေါင်း(GDP) အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၅ ဘီလီယံရဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

Wave Money ငွေကြေးဝန်ဆောင်မှုရဲ့ CEO Brad Jones က "ကိုဗစ်-၁၉ နဲ့ပတ်သတ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုအတွက်လည်း အထောက်အပံ့ ဖြစ်စေလို့ ဝမ်းသာပြီး ငွေအလွှဲအပြောင်းတွေ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်တွေနဲ့ တစ်ခြားပစ္စည်းတွေရဲ့ ငွေပေးချေမှုတွေကို ဒီဂျစ်တယ်နည်းနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချရမှု ရှိအောင် ဆောင်ရွက်ပေးရပါတယ်။ ဒါဟာ SMEလို့ခေါ်တဲ့ အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့နဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်" လို့ ပြောပါတယ်။

Wave money ငွေကြေးဝန်ဆောင်မှုကို အသုံးပြုသူများသော်လည်း တစ်ဖက်မှာ Wave pay application ကနေ ငွေကြေးပိုင်းဆိုင်ရာ Hack ခံရမှု၊ ငွေအလိမ်ခံရမှု၊ လုပ်ငန်းစဉ် ကြန့်ကြာနေမှု၊ ငွေဆုံးရှုံးမှုတွေ ကြုံနေရတဲ့အတွက်ကြောင့် လုံခြုံစိတ်ချရမှုအားနည်းတယ်လို့လည်း အခုနှစ်ပိုင်း အတွင်း ပြည်သူတွေကြား ဝေဖန်မှုအများအပြားမြင့်တက်ခဲ့ပြီး တိုင်ကြားမှုတွေလည်း များစွာရှိနေခဲ့တာပါ။

         ၂၀၂၀ တစ်နှစ်လုံးမှာ Wave Pay ဒီဂျစ်တယ် အက်ပလီကေးရှင်း လစဉ် အသုံးပြုသူပေါင်း ၁သန်းခွဲကျော်ရှိပြီး Wave money ရဲ့ အေးဂျင့်ကွန်ရက်မှတဆင့်  ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို လစဉ် အသုံးပြုသူမှာ ၃ ဒသမ ၉ သန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။

သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - Wave Money Fb

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013