DVB Logo
Home
မြန်မာသတင်း
ပန်ဆန်းမြို့ကို lockdownd ချပြီး ကိုဗစ်-၁၉ ကြပ်မတ် စစ်ဆေးနေ
DVB
·
January 7, 2021
ပန်ဆန်းမြို့ကို lockdownd ချပြီး ကိုဗစ်-၁၉ ကြပ်မတ် စစ်ဆေးနေ
Donate to DVB

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြို့ကို ဇန်နဝါရီ ၆ ရက် ည ၁၂ နာရီကစပြီး Lockdown ချပြီး  ဒေသခံတွေနဲ့ ပြင်ပဒေသကနေ လာရောက်သူတွေ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ ကြပ်မတ် စစ်ဆေးပေးနေပါတယ်။

‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “ကျနော်တို့ ဗဟိုဌာနချုပ်၊ ပန်ဆန်းမှာပေါ့နော်။ ဒါ နမူနာတို့ဖတ်တွေ၊ ဒီရက်ပိုင်း စိစစ်မှုတွေ ပြုလုပ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အစိုးရဘက်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီး ကုသရေးနဲ့ ပတ်သက်ပြီး ကူညီဖို့ ကမ်းလှမ်းလာတာရှိပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

ပန်ဆန်းမြို့ရှိ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေလည်း ‘ဝ’ ကျန်းမာရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသလို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း  ပူးပေါင်းကူညီ နေတယ်လို့ ဦးညီရမ်းက ရှင်းပြပါတယ်။

လက်ရှိ ပန်ဆန်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၅၃ ယောက်ရှိပြီး ရောဂါပြင်းထန်သူ မရှိသေးသလို သေဆုံးမှုလည်း မရှိသေးပါဘူး။  Negative  ပြန်ဖြစ်သွားတဲ့ လူနာက ငါး၊ ခြောက်ယောက် ရှိပြီဖြစ်ကြောင်းနဲ့ နောက်ထပ်တစ်ပတ်၊ ဆယ်ရက်ဆိုရင်တော့ ဆေးရုံကနေ ဆင်းနိုင်တဲ့ အခြေအနေရှိပါတယ်လို့ ဆိုပါတယ်။

‘ဝ’ ဒေသထဲက  ပန်ဆန်း(ပန်ခမ်း)မြို့မှာ အတည်ပြုလူနာ ၃၅ ဦး၊ မိုင်းပေါက်ခရိုင်မှာ ၁၁၈ ဦး၊ ဟိုတောင်းမြို့မှာ ၇ ဦး၊ မိုင်းဖျန်မြို့မှာ ၈ ဦး၊ စုစုပေါင်း ၁၅၃ ဦးရှိပါတယ်။

 ပိုးတွေ့ အတည်ပြု လူနာတွေကို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနဲ့ ‘ဝ’ ဒေသရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကုသမှု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းထဲမှ  ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ်စတာတွေ ပါဝင်ပြီး  ပန်ဆန်း (ပန်ခမ်း) မြို့ကတော့ ဗဟိုဌာနချုပ် အခြေစိုက်တဲ့ မြို့လည်း ဖြစ်ပါတယ်။

သတင်း-Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013