DVB Logo
Home
မြန်မာသတင်း
Hong Yun အထည်ချုပ်စက်ရုံလုပ်သား ၃၀၀ ကျော် နစ်နာကြေး ကျပ်သိန်း ၂၀၀၀ ကျော်ရရှိ
DVB
·
January 6, 2021
Hong Yun အထည်ချုပ်စက်ရုံလုပ်သား ၃၀၀ ကျော် နစ်နာကြေး ကျပ်သိန်း ၂၀၀၀ ကျော်ရရှိ
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲမှာ တည်ရှိတဲ့ Hong Yun အထည်ချုပ်စက်ရုံကို ပိတ်သိမ်းလိုက်ပြီဖြစ်ကာ အလုပ်သမား ၃၀၀ ကျော်အတွက် နစ်နာကြေး ကျပ်သိန်း ၂၀၀၀ ကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FGWM)က သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတခုဖြစ်ကာ လည်ပတ်တဲ့ကာလ တနှစ်မပြည့်ခင် လပိုင်းလောက်မှာပဲ ရုတ်တရက်ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ စက်ရုံကို အပြီးပိတ်သိမ်းလိုက်ကြောင်းနဲ့ အလုပ်သမားတွေဘက်ကလည်း စက်ရုံအပြီးပိတ်ပါက အလုပ်ထုတ်နစ်နာကြေးပေးဖို့အတွက် တောင်းဆိုရာမှာ အလုပ်ရှင်က မပေးနိုင်ဘူးလို့ ပြောခဲ့တဲ့အတွက် ရွှေပြည်သာ FGWM အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခေါင်းဆောင်တွေ၊ စည်းရုံးရေးမှူးတွေက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၅ ရက်မှာတော့ အဆိုပါ စက်ရုံအလုပ်သမား ၃၄၅ ယောက်အတွက် နစ်နာကြေး ငွေကျပ်သိန်း ၂၀၀၀ ကျော် ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီလို့ မြန်မာနိုင်ငံ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဟာ အချိန်ကာလ ၁၀ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီရိုက်ခတ်မှုကြောင့် ပြည်တွင်းက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအပါအဝင် စက်ရုံအလုပ်ရုံတွေအထိ ထိခိုက်မှုရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013