DVB Logo
Home
မြန်မာသတင်း
“ကြာတော့သည်လည်းမောင့်စကား”ရုပ်ရှင် အခပေးရုပ်သံလိုင်းမှ ပြသမည်(ရုပ်သံ)
DVB
·
January 5, 2021
“ကြာတော့သည်လည်းမောင့်စကား”ရုပ်ရှင် အခပေးရုပ်သံလိုင်းမှ ပြသမည်(ရုပ်သံ)
Donate to DVB

စာရေးဆရာမ ဂျူးရဲ့ နာမည်ကြီး ၀တ္ထုတပုဒ်ကို ပုံဖော်ရိုက်ကူးထားပြီး ၂၀၁၉ ခုနှစ် ရုံတင်ရုပ်ရှင်-“ကြာတော့သည်လည်း မောင့်စကား”ကို အခုလထဲမှာ အခပေးရုပ်သံ လိုင်းတခုကနေ ပြသသွားမယ်လို့ သိရပါတယ်။

ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီကားကိုတော့ မိုးနီလွင် က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

တင်တင်ဇော်၊ ဖြိုးကျော်၊ နန္ဒစတဲ့ လူငယ် ၃ ယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ် လမ်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားဟာ ဇာတ်ကောင်တွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ထွက်မလာခင်ကတည်းက ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။

ဒီကားကို ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်တုန်းက ဒါရိုက်တာ အောင်မြင့်မြတ်က သရုပ်ဆောင် စိုးမြတ်သူဇာ၊ ရန်အောင်၊ ရဲအောင်တို့နဲ့ ရိုက်ကူးခဲ့ဖူးပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ကာ နောက်ထပ်ပြန်လည်ရိုက်ကူးတဲ့ ဒီကားကလည်း ပရိသတ်တွေကြား ထပ်မံအားပေးမှုတွေ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီကားကို အခုလထဲမှာ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့ CANAL+ ZAT LENN မှာ ပြသသွားမယ်လို့ ကြေညာထားပါတယ်။

CANAL+ ZAT LENN ရုပ်သံလိုင်းမှာတော့ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ နာမည်ကြီးရုပ် ရှင်ကားတွေဖြစ်တဲ့ “ထာဝရနှောင်ကြိုး”၊ “သူစိမ်းအိမ်”စတဲ့ ရုပ်ရှင်တွေအပါအဝင် ပရိ သတ်အကြိုက် ရုပ်ရှင်ကားကောင်းတွေကို ရွေးချယ်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013