DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံ၏ “ထာဝရနှောင်ကြိုး”ရုပ်ရှင် အခပေးရုပ်သံလိုင်းမှ ပြသမည်(နမူနာ)
DVB
·
October 6, 2020
ခီမောင်နှံ၏ “ထာဝရနှောင်ကြိုး”ရုပ်ရှင် အခပေးရုပ်သံလိုင်းမှ ပြသမည်(နမူနာ)
Donate to DVB

       ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ “ထာဝ ရနှောင်ကြိုး”ရုပ်ရှင်ကားကြီးကို CANAL+ အခပေးရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွား မယ်လို့ သိရပါတယ်။

       ဒီရုပ်ရှင်ကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့ တာ ဖြစ်ပါတယ်။

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထား ကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ က လေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးလက်ခံ မှုရရှိထားတဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ကားကရော ဘယ်လိုထွက်ရှိလာမ လဲ၊ မီ ရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲ ဆိုတာကို လည်း ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ရုံတင်ပြသ ချိန်မှာလည်း အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းနဲ့ တေးဂီတဖန်တီးမှုတွေ ပါဝင်တဲ့ Original Soundtrack အယ်လ်ဘမ်ကို ရောင်းချခဲ့ချိန်မှာလည်း ရက်ပိုင်းအတွင်း အယ်လ်ဘမ်ချပ် ရေ သောင်းနဲ့ချီ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတေးအယ်လ်ဘမ်ထဲမှာတော့ အမြဲတမ်း၊ In your Eyes၊ ကယ်တင်ရှင်၊ လူ ယောင်ဆောင်၊ ဖြတ်လိုက်တော့၊ Putao၊ Mother၊ Now & Ever Theme Music၊ ရှင်သန်ခြင်း ရဲ့အဓိပ္ပါယ်(အချစ်ကြောင့်)စတဲ့ Track ၉ ပုဒ် ပါဝင်ပါတယ်။

“ထာဝရနှောင်ကြိုး”ရုပ်ရှင်ကားဟာ အကယ်ဒမီ ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေခဲ့ တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီကားကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့ည ၈ နာရီမှာ CANAL+ ZAT LENN ရုပ်သံလိုင်းကနေ ပြသပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013