DVB Logo
Home
Lead Story
ကိုကိုးကျွန်းတွင် ၂၄ နာရီ လျှပ်စစ်မီး စတင်ရရှိ(ဓာတ်ပုံ)
DVB
·
January 5, 2021
ကိုကိုးကျွန်းတွင် ၂၄ နာရီ လျှပ်စစ်မီး စတင်ရရှိ(ဓာတ်ပုံ)
1 / 12
Donate to DVB

ရန်ကုန်တိုင်းမြို့နယ်တခုဖြစ်တဲ့ ကိုကိုကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ညပိုင်းက စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကိုကိုးကျွန်းမြို့နယ်ဟာ ကမ်းရိုးတန်းနဲ့ အလှမ်းကွာဝေးတဲ့ ကပ္ပလီပင်လယ်တွင်းရှိ ကျွန်းမြို့နယ်တခုဖြစ်ပြီး ရန်ကုန်နဲ့ ရေမိုင် ၂၆၀ ကျော် အကွာမှာ တည်ရှိပါတယ်။

ဆက်သွယ်သွားလာရ ခက်ခဲတဲ့ ကိုကိုးကျွန်းမြို့နယ်မှာ အရင်ကတော့ လျှပ်စစ်ဓာတ်အားကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဖြန့်ဖြူးပေးတဲ့ ဒီဇယ်အင်ဂျင်မီးစက်တွေနဲ့ တရက်ကို ၆ နာရီလောက်သာ အချိန်အကန့်အသတ်နဲ့ သုံးစွဲနေခဲ့ကြရတာမို့ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စတဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ နောက်ကျနေခဲ့ရတယ်လို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လမှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ (ဝ.၅) မဂ္ဂဝပ်ကို တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာတော့ ကျွန်းတခုလုံးကို ဓာတ်အားစမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုကိုးကျွန်းနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ (Solar+ Battery+Diesel Generator) Hybrid System အမျိူးအစားဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ ပြန်လည်ဖွံဖြိုးမြဲစွမ်းအင် (Renewable Energy) တခုဖြစ်တဲ့ နေရောင် ခြည်စွမ်းအင်အသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကိုကိုးကျွန်းမြို့နယ်ကို ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မှာမို့ ရန်ကုန်တိုင်းဟာ မြို့ပြနဲ့ ကျေးလက်နေ မီးသုံးစွဲသူအားလုံးကို လျှပ် စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးနိုင်တဲ့ ပထမဆုံးတိုင်းဒေသကြီး ဖြစ်လာ တော့မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013