DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ကိုကိုးကျွန်းသို့သွားရောက် သင်္ကြန်ရေပက်၊ အကျဉ်းစခန်းဟောင်းနေရာကို ကြည့်ရှု
DVB
·
April 10, 2023
အာဏာသိမ်းစစ်ခေါင်းဆောင် ကိုကိုးကျွန်းသို့သွားရောက် သင်္ကြန်ရေပက်၊ အကျဉ်းစခန်းဟောင်းနေရာကို ကြည့်ရှု
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဧပြီ ၉ ရက်နေ့က  ရန်ကုန်တိုင်း ကိုကိုးကျွန်းသို့ သွားရောက်ပြီး တပ်မိသားစုတွေနဲ့တွေ့ဆုံကာ မြန်မာရိုးရာ အတာသင်္ကြန်ရေပက်ခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ကိုကိုးကျွန်းမြို့ရှိ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို ထားရှိခဲ့ဖူးတဲ့ အကျဉ်းစခန်းဟောင်းနေရာနဲ့  အဆောက်အဦတွေကို မူလပုံစံအတိုင်း ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နဲ့ ဘင်္ဂလား ပင်လယ် အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာမှာ အောင်မြေ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

ကိုကိုးကျွန်းပေါ်မှာ တရုတ်စစ်ထောက်လှမ်းရေး အခြေစိုက်စခန်းတည်ဆောက်နေတယ်လို့ သံသယဖြစ်ဖွယ်ရာ ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက် သီတင်းတပတ်လောက်အကြာမှာ စစ်ခေါင်းဆောင်က အခုလို ကိုကိုးကျွန်းကို သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။

Photo-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013