DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်ပိုးတွေ့နှုန်းကျဆင်း၊ ဆေးရုံကြီးလာကုသည့် သံသယလူနာ နည်းလာ
DVB
·
January 3, 2021
မန္တလေးတွင် ကိုဗစ်ပိုးတွေ့နှုန်းကျဆင်း၊ ဆေးရုံကြီးလာကုသည့် သံသယလူနာ နည်းလာ
Donate to DVB

မန္တလေးမြို့မှာ နှစ်ပတ်ကြာ stay at home သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ပိုးတွေ့နှုန်း ပိုမိုကျဆင်းလာသလို ဆေးရုံကြီးကို လာရောက်ကုသတဲ့ သံသယလူနာတွေလည်း ပိုမိုနည်းပါးသွားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အရင်က ပိုးတွေ့နှုန်း ၈ ရာခိုင်နှုန်းလောက်အထိ ရှိခဲ့ပြီး Stay at home ကာလပြီးဆုံးတဲ့နောက် ပိုးတွေ့နှုန်းဟာ ၄ ရာခိုင်နှုန်းခန့်အထိသာ ကျန်ရှိတော့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

“၅ ရက်နေ့ကနေပြီးတော့မှ ၁၈ ရက်ထိ လုပ်ခဲ့တာပေါ့နော်။ ၁၈ ရက်ထိ နှစ်ပတ်တာရဲ့ ကာလအတွင်းမှာ ခုဟာကတော့ ပိုးတွေ့နှုန်းပေါ့နော်။ ပိုးတွေ့နှုန်းကတော့ အရင်တုန်းကတော့ ၇၊ ၈ ရာခိုင်နှုန်းထိ ရှိခဲ့တာပေါ့နော်။ ပေါ့စတစ်တွေ၊ အခုနောက်ပိုင်းဆိုရင် တဖြည်းဖြည်းနဲ့ ကျကျလာပြီ။ ဒီကနေ့ဆိုရင် ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တာပေါ့နော်။ စစ်ဆေးတာများရင် ဒီဘက်က ထွက်ရှိမှုကလည်း များမှာပဲ။ စစ်ဆေးတာနည်းလို့ရှိရင် ထွက်ရှိမှုကလည်း နည်းမှာပဲ။ ခုနောက်ပိုင်း ဘာတွေ ထူးခြားတာ တွေ့လာရသလဲဆို test စစ်တယ်၊ များများစစ်တယ်။ ဒါပေမဲ့ ပေါ့စတစ်ထွက်တာ နည်းလာတာကို တွေ့ရတယ်။ ဒါတွေကတော့ ကောင်းသော အချက်ပေါ့။ နှစ်အချက်ကကျတော့ ဆေးရုံကြီးကို လာနေတဲ့ သံသယလူနာတွေ နည်းသွားတယ်။ အရင်တုန်းကဆို အများကြီးပဲ ရာကျော်တယ်။ အခုနောက်ပိုင်းဆိုရင် ၄၀၊ ၃၀၊ ၂၀ အဲဒီလောက်တွေပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

ပိုးတွေ့လူနာ နည်းပါးလာပေမယ့် မြို့နယ်အလိုက် ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာတွေကိုတော့ လတ်တလောအနေနဲ့ ပြန်ပိတ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒေါက်တာသန်းသန်းမြင့်က “အခုလက်ရှိအထိတော့ Quarantine စင်တာတွေကို ပိတ်ဖို့ရာ အဆင့်တော့ မရှိသေးပါဘူး။ ဒါကတော့ Positive case ကလည်း ထွက်နေတုန်းပဲ။ Quarantine ကလည်း ထားနေရတုန်းပဲ ရှိသေးတယ်။ နည်းသွားတာပဲ ရှိတာပေါ့။ အဲဒီတော့ စင်တာကြီးတွေ ပိတ်လောက်အောင်အထိတော့ မမတို့ မလုပ်သေးပါဘူးနော်” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် အတည်ပြုလူနာတွေကို ကုသပေးနေဆဲ ဆေးရုံ ၄၇ ရုံ၊ facility ကွာရန်တင်း ၂၃၃ နေရာနဲ့ ဟိုတယ်ကွာရန်တင်း ၂၁ နေရာ ရှိတယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံထားရသူ ၁၃,၇၄၇ ဦး တွေ့ရှိခဲ့ပြီး လူပေါင်း ၂၈၀ အထိ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီထဲကမှ ၁၁,၆၉၈ ဦး ကတော့ ရောဂါပိုး ပြန်လည်ကင်းစင်သွားပြီလို့ သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013