DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့မရဲစခန်းတွင် ပိုးတွေ့အချုပ်သား များလာသဖြင့် အချုပ်ခန်းအသစ် တည်ဆောက်နေ
DVB
·
January 2, 2021
ဘိုကလေးမြို့မရဲစခန်းတွင် ပိုးတွေ့အချုပ်သား များလာသဖြင့် အချုပ်ခန်းအသစ် တည်ဆောက်နေ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က မြို့မရဲ့စခန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က စတင်ကာ အချုပ်သားတွေ ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ပြီး စုစုပေါင်း ၂၈ ဦးအထိ ရှိလာတာကြောင့် အချုပ်ခန်းအသစ် တည်ဆောက်နေရတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အချုပ်သား ၂၈ ဦးထိ ရောဂါတွေ့ရှိထားတဲ့အတွက် ကျန်တဲ့ အချုပ်သားတွေကို သီးသန့်ထားနိုင်ဖို့ အချုပ်ခန်းအသစ်ကို တည်ဆောက်နေရတာလို့ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ပြောပါတယ်။

“ပိုးတွေ့အချုပ်သားများလာတဲ့အတွက် ဆေးစစ်ပြီးသား အချုပ်သားအဟောင်းတွေကို မူလအချုပ်ကြီးမှာ ထားမယ်။ ထပ်ရောက်လာမယ့် အချုပ်သားသစ်တွေကို သီးသန့်ထားပြီး ဆေးစစ်မှုသေချာတော့မှ အချုပ်ဟောင်း အခန်းတွေမှာ ထားဖို့ အစီအစဉ်ဆွဲပြီးတော့ ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်မှူးရုံးဟောင်းထဲမှာ အချုပ်ခန်းအသစ် အမြန်ဆောက်လိုက်တာ။”

ဘိုကလေးမြို့မရဲစခန်းက ပြစ်ဒဏ်ကျ အချုပ်သား ၃ ဦးကို ဖျာပုံအကျဉ်းထောင်ကို ပို့ဆောင်စဉ် အကျဉ်းထောင်က ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာကနေ ၁ ဦးမှာ စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အချုပ်သား ၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ရဲစခန်းက အချုပ်သား ၆၇ ဦးကို မြို့နယ်ကျန်းမာရေးက စစ်ဆေးခဲ့ချိန်မှာ ၂၇ ဦး ထပ်မံတွေ့ရှိခဲ့တာလို့ သိရပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သား ၂၈ ဦးကို ဘိုကလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသတာတွေ လုပ်ဆောင်ပေးနေပြီး ကျန်တဲ့အချုပ်သားတွေကို သီးခြားထားနိုင်ဖို့ အချုပ်ခန်း အသစ်တိုးချဲ့တည်ဆောက်တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တိုင်းအတွင်းက အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၃၇ ဦး တွေ့ရှိထားတယ်လို့ ဒုတိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်က ပြောဆိုပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013