DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရန် တောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေး
DVB
·
January 1, 2021
ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရန် တောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေး
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်ခွင့်ရ စားသောက်ဆိုင်အပြင် ဖွင့်ခွင့်မရသေးတဲ့စားသောက်ဆိုင်တွေကို သက်ဆိုင်ရာက ရှောင်တခင် စစ်ဆေးနေပါတယ်။ 

ကျန်းမာရေး သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ ဆိုင်ဖွင့်လှစ်ထားခြင်းရှိမရှိနဲ့ ဝန်ထမ်းတွေ စည်းကမ်းနဲ့အညီ လုပ်ဆောင်မှုရှိမရှိကို ဝင်ရောက်စစ်ဆေးတာပါ။ 

ကိုဗစ်ကြောင့် ဆိုင်ထိုင်စားသောက်လို့မရတဲ့အတွက် စားသောက်ဆိုင် ပိုင်ရှင်နဲ့ အလုပ်သမား တွေအခက်အခဲဖြစ်စေခဲ့ပါတယ်။ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် စားသောက်ဆိုင်ဖွင့်တဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေက ဆိုင်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြတာပါ။

တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ၂၃ ရက်ကစပြီး အစိုးရသတ်မှတ်တဲ့ Aအဆင့် မြို့ပေါ်စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးလိုက်သလို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပိတ်ထားတဲ့ မြို့မစျေးကြီးတွေ ပြန်လည်ဖွင့်ခွင့်ပေးလိုက်တာပါ။

ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက “တကယ်တမ်းတော့ ရောဂါကရှိနေသေးတယ်။ ပျောက်ကွယ်သွားတာ လုံးဝမဟုတ်ဘူးလေ။ အရင်တုန်းက တောင်ကြီး၊ ရှမ်းတောင်မှာ ဆိုတာ ခရီးသွား လာတဲ့သူတွေမှာပဲ ရောဂါပိုးတွေ့ရှိတာ အခုက မဟုတ်ဘူး။ မင်္ဂလာဦးရပ်ကွက်မှာ ဖြစ်တုန်း ကတည်းက သိတယ်။ တောင်ကြီးမှာ ရောဂါရှိနေပြီးသားပေါ့နော်၊ လူတွေက ဖွင့်လိုက်ပြီဆိုတာနဲ့ ရောဂါပြီးသွားပြီလို့ တချို့က မှတ်ယူကြတယ်” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာပိတ်ထားရတဲ့ စားသောက်ဆိုင်တွေ၊ စျေးတွေပြန်ဖွင့်ဖို့ ဖြေလျှော့ပေးချိန်မှာ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာ ထိတွေ့မှုမရှိ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပိုမိုများလာပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေ စုစုပေါင်း ၁၄၃ ဦး စစ်ဆေးရာမှာ ၂၂ ဦးက ခရီးသွား ရာဇဝင်မရှိ၊ ပိုးတွေ့လူနာထိတွေမှုမရှိ ရောဂါပိုးကူးစက်ခံရ ပါတယ်။

ဒေါက်တာ ဇဝနကိုက “မနေ့က ၃၄ ဦးတွေ့တယ် PCRနဲ့ စစ်တာ ၁၂ ဦးတွေ့တယ်၊ RDT နဲ့စစ်တာ ၂၂ ဦး တွေ့တာပေါ့။ တကယ်တမ်းတော့ ယာဉ်ထိန်းတပ်ဖွဲ့တွေက ဘယ်ကနေကူးလဲ ပြောလို့ မရဘူးဖြစ်နေတယ်၊ သူတို့က ခရီးသွား လာတော့မရှိဘူး ဒါပေမဲ့ ယာဉ်ထိန်းရဲဆိုတော့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတာ ပြန်လာတာကတော့ရှိတယ်”လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နဲ့ထိတွေ့သူတွေကို လိုက်ရှာပြီး စစ်ဆေးမှု ဆက်လက်လုပ်သွားမယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ကလည်း mask ကမ်ပိန်းတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013