DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့လမ်းမပေါ်တွင် New Year နှစ်သစ်ကူးပွဲမလုပ်ရန် ဝန်ကြီးချုပ်ပြော
DVB
·
December 31, 2020
ပဲခူးမြို့လမ်းမပေါ်တွင် New Year နှစ်သစ်ကူးပွဲမလုပ်ရန် ဝန်ကြီးချုပ်ပြော
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း လူစုလူဝေးမဖြစ်စေလိုတဲ့အတွက် လမ်းမတွေပေါ်မှာနဲ့  အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ New Year နှစ်သစ်ကူးပွဲ ကျင်းပခွင့်မပြုဘူးလို့ ပဲခူးတိုင်းဝန်ကြီးချုပ်က ဦးဝင်းသိန်းက  ပြောပါတယ်။

ပဲခူးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာမှ ပဲခူးမြို့နယ်က ပိုးတွေ့ရှိမှု အများဆုံးဖြစ်ကာ ရောဂါပိုးတွေ့ရှိသူ ၂၃၄၃ ယောက်ရှိပြီး   အဲဒီထဲက ၁၄ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးမြို့ဟာ  Stay at Home အဖြစ်သတ်မှတ်ထားတဲ့မြို့လည်းဖြစ်ပြီး အခုဆိုရင် New Years ကာလရောက်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေကတော့ အစဉ်အလာအတိုင်း New Years ညကိုဖြတ်သန်းကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခုအချိန်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေတဲ့ကာလဖြစ်တာကြောင့် လမ်းမတွေပေါ်မှာနဲ့ Public Area တွေမှာ လူစုလူဝေး မဖြစ်စေလိုတဲ့အတွက် New Years ပြုလုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။

ပဲခူးမြို့ဟာ ရန်ကုန်နဲ့နီးပြီး ကူးလူးဆက်ဆံမှုတွေကိုထိန်းရခက်နေတာရယ် ပဲခူးစက်မှုဇုန်မှာ ပိုးတွေ့ရှိ မှုများနေတာရယ်ကြောင့် လတ်တလော ပဲခူးမြို့မှာ ပိုးတွေ့ရှိမှုများနေတာလို့ဆိုပါတယ်၊

အခုနောက်ပိုင်းမှာတော့ စက်ရုံတွေမှာ ပညာပေးတာတွေ၊ စနစ်တကျ ကွာရန်တင်း ထားတာတွေအပြင် ပြည်သူတွေကိုလည်း Mask Campaign တွေ ကျန်းမာရေးအသိပညာပေးတာတွေကို နေစဉ်အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်၊ 

ဒါကြောင့် အခု New Year နှစ်သစ်ကူး  ညအပါအဝင် လက်တလော အပြင်မထွက်ကြဘူးဆိုရင် ရောဂါပိုးတွေ့ရှိမှု ပြန်ကျဆင်းနိုင်တယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

 စက်ရုံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများနေတာကလည်း စက်ရုံတွေကနေ Contact History တွေကို လိမ်တာ Contact တွေကို မှန်မှန်ကန်ကန်နဲ့ အကုန်ထုတ်မပေးတာတွေကြောင့် အဲဒီကနေတဆင့် နောက်ဆက်တွဲတွေဖြစ်ကုန်တာလို့ ပဲခူးစက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက်က ပြောပါတယ်၊၊

လတ်တလော ပဲခူးမြို့ထဲကို ရန်ကုန်ဘက်ကနေ ခိုးဝင်မှုတွေရှိနေတဲ့အပြင်  လူတွေကလည်း အရင်အတိုင်း လမ်းပေါ်တွေမှာ သွားလာမှုတွေကလည်း ပုံမှန် ရှိနေပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013