DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဒုတိယလှိုင်းကာလ ရဲတပ်ဖွဲ့ဝင် ၁၂၀၀ ​ကျော် ​ရောဂါကူးစက်ခံရ၊ ၉​ ဦးသေဆုံး
DVB
·
December 30, 2020
ကိုဗစ်ဒုတိယလှိုင်းကာလ ရဲတပ်ဖွဲ့ဝင် ၁၂၀၀ ​ကျော် ​ရောဂါကူးစက်ခံရ၊ ၉​ ဦးသေဆုံး
Donate to DVB

မြန်မာပြည်တွင်း ကိုဗစ်ပထမလှိုင်းကာလအတွင်း ရဲတပ်ဖွဲ့ဝင်​တွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိခဲ့​ပေမဲ့ အခုဒုတိယလှိုင်းကာလမှာ နိုင်ငံတဝန်း  ရဲတပ်ဖွဲ့ဝင် ၁၂၀၀​ကျော် ​ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ရဲမှူးကြီး​ကျော်သီဟက ဒီဗွီဘီကို​ ပြောပါတယ်။

သြဂုတ်လ ၁၆ ရက်​နေ့က စတင်ခဲ့တဲ့ ဒုတိယလှိုင်းအတွင်း သြဂုတ် ၂၇ ရက်​နေ့က ဒီဇင်ဘာ ၂၉ ရက်​အထိ  ၄ လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၂၀၃​ ယောက် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရ​ပါတယ်။

ရဲတပ်ဖွဲ့ဝင်​တွေ ရောဂါကူးစက်ခံရမှုထဲမှာ ရန်ကုန်တိုင်းဒေသကြီး အ​ယောက် ၅၁၀နဲ့ အများဆုံးကူးစက်ခံရပြီး၊ ရခိုင်ပြည်နယ်က အယောက် ၁၉၀ ၊ မန္တလေးတိုင်းက ၁၂၁ ​ယောက်၊ ပဲခူးတိုင်းက ၈၇ ​ယောက်၊ နေပြည်တော် ၈၅ ​ယောက်၊ ဧရာဝတီတိုင်းက ၆၅ ​ယောက်၊ မွန်ပြည်နယ် ၃၄​ ယောက်၊ စစ်ကိုင်းတိုင်း အယောက် ၃၀ ၊ ကရင်ပြည်နယ် ၂၅ ​ယောက်၊ ကချင်ပြည်နယ် ၁၉​ ယောက် ၊ တနင်္သာရီတိုင်း  ၁၁ ​ယောက်၊ မကွေးတိုင်း ၁၅ ​ယောက်၊ ရှမ်းပြည်နယ် ၉ ​ယောက်နဲ့ ချင်းပြည်နယ် ၂​ယောက် တို့ဖြစ်​ကြောင်း ရဲတပ်ဖွဲ့စာရင်းဇယား​တွေအရ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်​တွေအ​နေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း​တွေ တပ်ဆင်ထား​ပေမဲ့လည်း လူအများနဲ့ဆက်ဆံဆောင်ရွက်ရလို့ တချို့သော တပ်ဖွဲ့ဝင်​တွေမှာ ရောဂါကူးစက်ခံရတာလို့ ရဲမှူးကြီး​ကျော်သီဟက​ ရှင်းပြပါတယ်။

ကူးစက်ခံရဲတပ်ဖွဲ့ဝင်​တွေထဲက အရာရှိ ၃ ယောက်၊ တခြားအဆင့် ၆ ​ယောက်စုစု​ပေါင်း ၉ ​ယောက် သေဆုံးခဲ့​​​ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်​အထိ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်း တပ်ဖွဲ့ဝင် စုစုပေါင် ၇၆၂ ​ယောက် ဖြစ်ပါတယ်။ 

ရောဂါကူးစက်ခံရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ခဲ့သူ ရဲတပ်ဖွဲ့ဝင်၊ မိသားစုဝင်၊ အရပ်သား စာရေးဝန်ထမ်း စုစုပေါင်း ၁၇၅၄၇ ​ယောက်ကို​တော့ တိုင်းနဲ့ပြည်နယ်ရှိ သက်ဆိုင်ရာမှ သတ်မှတ်ထားတဲ့ Quarantine စင်တာတွေမှာ စောင့်ကြည့်​နေခဲ့ရာမှ စောင့်ကြည့်ကာလ ပြီးဆုံးသူ စုစုပေါင်း ၉၃၅၈​ ယောက်ရှိပြီး ၈၁၈၉ ​ယောက်ကိုဆက်လက် စောင့်ကြည့်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013