DVB Logo
Home
မြန်မာသတင်း
တပ်မတော်မဲစာရင်းစိစစ်မှု နောက်ဆုံးမဲစာရင်းကို အခြေခံထားခြင်းမရှိဟု ကော်မရှင်တုံ့ပြန်
DVB
·
December 30, 2020
တပ်မတော်မဲစာရင်းစိစစ်မှု နောက်ဆုံးမဲစာရင်းကို အခြေခံထားခြင်းမရှိဟု ကော်မရှင်တုံ့ပြန်
1 / 2
Donate to DVB

တပ်မတော်ရဲ့ မဲစာရင်း စိစစ်ချက်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နိုဝင်ဝင်ဘာလ ၈ ရက်နေ့မှာ လာရောက်မဲပေးတဲ့ နောက်ဆုံးမဲစာရင်းကို အခြေခံထားတာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ 

တပ်မတော်ရဲ့ မဲစာရင်းစိစစ်ချက်ဟာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက် အထိ ဒုတိယအကြိမ် မဲစာရင်းမှာ မဲစာရင်းနာမည်မပါရင် ပုံစံ(၃)ဖြင့် တောင်းဆိုဖို့၊ မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ(၄)နဲ့ ကန့်ကွက်ဖို့၊ အချက်အလက်မှားယွင်းနေရင် ပုံစုံ (၄-ဂ)နဲ့ ပြင်ဆင်ဖို့ ပါတဲ့ မဲစာရင်းကို အခြေခံထားတာဖြစ်ပြီး နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုသာ PDF ဖိုင်နဲ့ဖြန့်ဝေထားတဲ့ မဲစာရင်းဖြစ်တယ်လို့ ရွေးကော်ပွဲကော်မရှင်က ရေးသားထားပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်ပြားစေဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ သဘောထားသက်ရောက်စေတဲ့ သဘောထား ထုတ်ပြန်ချက်တွေ၊ ဆောင်ရွက်ချက်တွေကို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးလိုက်ပါတယ်။

တပ်မတော်ကတော့ မဲစာရင်းတွေကို စိစစ်နေတာနဲ့ ပတ်သတ်ပြီး ဥပဒေနဲ့ အကျုံးဝင်တာမှန်သမျှကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ က နည်းဥပဒေ ၈၇ အရ ယှဉ်ပြိုင်အရွေးခံရတဲ့ မည်သည့်လွှတ်တော်ကိုယ်စားလောင်းကိုမဆို ဒါမှမဟုတ် မဲဆန္ဒနယ်တခုမှာ ဆန္ဒမဲပေးခဲ့တဲ့ မည်သည့်မဲဆန္ဒရှင်တွေကမဆို ကန့်ကွက်နိုင်တယ်လို့ ပါရှိပြီး တပ်မတော်သားတွေအနေနဲ့ မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်တာလို့ လည်း ပြောပါတယ်။

အခုလို ထုတ်ပြန်တာတွေနဲ့ ပတ်သက်ပြီး ကြံခိုင်ရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိဘူးလို့လည်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြန်လည် ပြောဆိုခဲ့ပါတယ်။

တပ်မတော်အနေနဲ့ မဲစာရင်းစိစစ်တွေ့ရှိချက်တွေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး တပ်မတော်သားမဲဆန္ဒရှင်တွေမဲပေးခဲ့နေရာတွေမှာ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း ဆောင်ရွက်တာလို့ ဆိုပါတယ်။

တပ်မတော်သားတွေ မဲပေးခဲ့တဲ့နယ်မြေတွေမှာ မဲစာရင်းစိစစ်မှုတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပထမအကြိမ်၊ ၂၆ရက်နေ့က ဒုတိယအကြိမ်၊ ၂၉ ရက်နေ့က တတိယအကြိမ် တပ်မတော်က ၃ ကြိမ်တိုင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

မဲစာရင်းစိစစ်ရာမှာ တရားမဝင် အွန်လိုင်းအချက်အလက်တွေကို ရယူတာတွေ မပြုလုပ်ပဲ ခိုင်မာတဲ့ အရင်းအမြစ်တွေက ရရှိထားတဲ့ မဲစာရင်း (ပုံစံ-၁) PDF ဖိုင်တွေကို Excel ဖိုင်အဖြစ်ပြောင်းလဲပြီး လုပ်ဆောင်တာလို့လည်း တပ်မတော်ကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013