DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲအသုံးစရိတ် မတင်သွင်းသူ ၁ ဦးရှိ 
DVB
·
December 30, 2020
ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲအသုံးစရိတ် မတင်သွင်းသူ ၁ ဦးရှိ 
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့  ကိုယ်စားလှယ်လောင်း တစ်ယောက် ရှိတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။

တိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၄၅၁ ယောက် ထဲမှာ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်း  တစ်ယောက်သာ ကုန်ကျစရိတ်မတင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က “ တစ်ယောက်ကတော​့ လုံးလုံးလာမတင်ဘူး။ နောက်တစ်ခါကတော့ တင်ဖို့ရက်နောက်ကျတာ။ ဆေးရုံတက်နေရလို့ အဲ့တာကို ပြည်ထောင်စုကို တင်ပြတော့ လက်ခံဖို့ပြောတော့ လက်ခံပေးလိုက်ပါတယ်။ မတင်တဲ့သူက တစ်ဦးပဲရှိပါတယ်” လို့ပြောပါတယ်။

ရွေးကောက်ပွဲအသုံးစရိတ်မတင်သူတွေအနေနဲ့ ၅ နှစ်အတွင်းကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲအသုံးစရိတ်မတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၀ ကျော်ရှိတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါပြင် ဧရာဝတီတိုင်းမှာ  ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

“အားလုံးဆိုရင် အမှုပေါင်း ၁၀၀ ကျော်လောက် ရှိမယ်၊ အမှုပိတ်တာတွေလည်းရှိတယ်။ တရားရင် ဆိုင်နေတုန်းအမှုတွေလည်း ရှိပါတယ်။ မဲရုံတာဝန်ကျ ဝန်ထမ်းတွေ၊ ပြီးတော့ နှစ်ကြိမ်မဲပေး သူတွေ တရားစွဲခံရတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ အမှုပေါင်း ၁၁၃ မှုမှာ ရဲအရေးပိုင်တဲ့ အမှုတွေရှိသလို တချို့အမှုတွေကိုတော့ ပိတ်သိမ်းထားပြီး တရားရင်ဆိုင်နေရဆဲ အမှုတွေ ရှိကာ အများစုကတော့ လွှတ်တော်ရွေးကောက်ပွဲဥပ​ဒေ ၅၉ (ဆ)(င)(ဇ) စတာတွေနဲ့ အမှုဖွင့်တာများတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲကာလတာဝန် ထမ်းဆောင်ခဲ့လို့ တရားစွဲခံထားရတဲ့ ဆရာ ဆရာမတွေရှိနေပေမယ့် ကျေကျေနပ်နပ်တာဝန်ထမ်းဆောင်ခဲ့တာကို ကော်မရှင်အနေနဲ့ ကျေးဇူးတင်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးအောင်မြင့်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၂၂ ပါတီက ကိုယ်စားလှယ်လောင်း ၄၅၁ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးမှာ အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိခဲ့ပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013