DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ကိုဗစ်-၁၉ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၃၆ ခုရှိ၊ သေဆုံးသူ ၂၆၀၀ ကျော်လာ
DVB
·
December 29, 2020
နိုင်ငံတဝန်း ကိုဗစ်-၁၉ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၃၆ ခုရှိ၊ သေဆုံးသူ ၂၆၀၀ ကျော်လာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၆ ခုထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ မြို့နယ် ၃၆ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၉ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၂ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၁ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၇ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၅,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေဖြစ်ပြီး ၅,၇၃၆ ယောက်နဲ့ ၅,၆၀၄ ယောက်စီ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ် တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၆၅၂ ယောက်၊ ၄,၄၃၄ ယောက်၊ ၄,၂၆၉ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ် တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၆၈၉ ယောက်၊ ၃,၆၈၅ ယောက်၊ ၃,၀၂၃ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရ ပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၁ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၇ ခုဖြစ်တဲ့ တာမွေ၊ လှိုင်၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ မဟာအောင် မြေနဲ့ အောင်မြေသာစံမြို့နယ်တွေနဲ့အတူ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေ ပါဝင်နေပါ တယ်။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ် ၁၇ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၄ ခုဖြစ်တဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မှော်ဘီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ ဗိုလ်တထောင်၊ ဒေါပုံ၊ အလုံ၊ လှည်းကူးမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့ နယ် ၂ ခုဖြစ်တဲ့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေနဲ့အတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လကျော်ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၂၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၁၂၂,၅၃၄ ယောက်၊ သေဆုံးသူ ၂,၆၁၈ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၀၄,၃၅၁ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၈၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ် ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၁၃,၀၀၀ ကျော်နဲ့ ၇,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၁ ဒသမ ၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁  ဒသမ ၇၇ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၅၇ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013