DVB Logo
Home
မြန်မာသတင်း
ရဲစခန်းတွင် လာအဖမ်းခံခဲ့သည့် ဘူးလက်လှဆွေကို ရာဇဝတ်ကြီးအမှု ပြောင်းလဲဖွင့်လှစ်
DVB
·
December 28, 2020
ရဲစခန်းတွင် လာအဖမ်းခံခဲ့သည့် ဘူးလက်လှဆွေကို ရာဇဝတ်ကြီးအမှု ပြောင်းလဲဖွင့်လှစ်
Donate to DVB

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ ဦးလှဆွေဟာ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်အဖမ်းခံခဲ့တယ်လို့  အနောက်ပိုင်းခရိုင်တရားရုံးကနေ  သိရပါတယ်။

အခုလို လာရောက်အဖမ်းခံခဲ့တဲ့အတွက် အရင်က တရားခံပြေးအဖြစ် ရာဇဝတ်အထွေထွေ အမှုအမှတ် ၆၉/ ၂၀၁၉ကနေ ရာဇဝတ်ကြီးအမှုအမှတ် ၁၃၀/၂၀၂၀ အဖြစ် အမှုပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းမီဒီယာပြန်ကြားရေးမှူးက ပြောပါတယ်။

ဦးလှဆွေ (ခ) ဘူးလက်လှဆွေဟာ ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်ကြာထွက်ပြေးတိမ်းရှောင်နေရာကလာရောက်အဖမ်းခံခဲ့တဲ့အတွက် သူ့ကို  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ရမန်နှစ်ပတ်ယူကာ  ရဲတပ်ဖွဲ့က အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၀၁၉ ခုနှစ် သြဂုတ်  ၃ ရက်က ပြုလုပ်တဲ့ တပ်မတော်ထိပ်တန်းအရာရှိတွေကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့တဲ့ ဆန့်ကျင်ကန့်ကွက်ပွဲမှာ နိုင်ငံတော်အကြီးအကဲတွေအပေါ်သွယ်ဝိုက် ပြစ်တင်ပြောဆိုခဲ့တဲ့အတွက် ဦးလှဆွေကို  နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ကျောက်တံတားမြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး သြဂုတ် ၇ ရက်က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

တရားစွဲဆိုခံရပြီး လေးလကျော်အကြာမှာ  ဦးလှဆွေက လာရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၂၀ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရှေ့နေပါဝါတင်ဖို့ ရုံးချိန်း ချိန်း ဆိုထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013