DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၆၀၆ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး
DVB
·
December 27, 2020
ကိုဗစ်-၁၉ လူနာသစ် ၆၀၆ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆၀၆ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ မိနစ် ၂၀ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၂၂ ထဲမှာ ၁၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၆၀၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၆၀၆ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၀၆၀ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၄၄ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၄၁၆ ယောက်  ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၀၆၂ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၁,၈၈၆ ယောက်၊ သေဆုံးသူ ၂,၆၀၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၃,၂၂၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၅၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ပုံစာ- မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013