DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာများ ကုသရန် ပုဂ္ဂလိက ဆေးရုံ ၂ ရုံ ထပ်တိုးလျှောက်ထား
DVB
·
December 27, 2020
ကိုဗစ်လူနာများ ကုသရန် ပုဂ္ဂလိက ဆေးရုံ ၂ ရုံ ထပ်တိုးလျှောက်ထား
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကုသဖို့အတွက် ပုဂ္ဂလိက ဆေးရုံ ၂ ရုံ ထပ်တိုးလျှောက်ထားတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းတာဝန်ရှိသူက ပြောပါတယ်။ 

ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ စစ်ဆေးကုသခွင့်ကို အစိုးရက တရားဝင်ခွင့်ပြုပေးထားပြီဖြစ်ပြီး လက်ရှိမှာ ပန်းလှိုင်ဆေးရုံနဲ့ N health ဓာတ်ခွဲခန်းမှာ စစ်ဆေးခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ 

အဲဒီလို ခွင့်ပြုပေးတဲ့နောက် ကိုဗစ်စစ်ဆေးကုသခွင့် ထပ်လျှောက်ထားတဲ့ ပုဂ္ဂလိကဆေးရုံ ၂ ရုံကတော့  SSC ဆေးရုံနဲ့ ရွှေလာမင်း မြောက်ဥက္ကလာ ဆေးရုံတို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

လက်ရှိမှာတော့ ပန်းလှိုင်ဆေးရုံမှာ ကိုဗစ်-၁၉ ကို Test kit နဲ့ စစ်ဆေးခွင့်၊ ကုသခွင့်နဲ့ N health ဓာတ်ခွဲခန်းမှာတော့ PCR နဲ့ ဓာတ်ခွဲ စစ်ဆေးခွင့်ကို ပေးထားတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ လေကြောင်းခရီးသွားတွေကို ပန်းလှိုင်ဆေးရုံမှာ ကိုဗစ်စစ်ဆေးခ ကျပ် ၁ သောင်းခွဲကုန်ကျပြီး ကုသရင်တော့ တစ်ရက်ကို အနည်းဆုံး ကျပ် ၁ သိန်းခွဲလောက် ကုန်ကျနိုင်တယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က “ကုန်ကျစရိတ်က လတ်တလော ခရီးသွားမယ့်သူတွေအတွက် Rapid Test နဲ့ အဓိကလုပ်တာဆိုတော့ ၁ သောင်းခွဲလောက် ကုန်ကျမယ်။ အနည်းဆုံးကတော့ ၁ သိန်းခွဲလောက် ကုန်မယ်။ အောက်ဆီဂျင်နဲ့ သူ့ရဲ့ စားသောက်စရိတ်၊ တချို့သုံးမယ့်ပစ္စည်းတွေကလည်း တခါသုံးတွေ သုံးမှာနဲ့ဆိုတော့။ ဆေးဖိုးဝါးခ၊ သွေးစစ်တာတွေနဲ့ဆိုတော့ အဲဒီလောက်တော့ ကုန်မှာပါ” လို့ ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသနိုင်ဖို့ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာ pilot project အနေနဲ့ စတင်ဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်တိုင်းမှာ အရင်ဆုံးစတင်ထားတာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ ပုဂ္ဂလိက ဆေးရုံစုစုပေါင်း ၂၃၀ ကျော်ရှိနေတာလည်း ဖြစ်ပါတယ်။

သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013