DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာရေးအတွက် အမှိုက်ကောက် 
DVB
·
December 27, 2020
ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာရေးအတွက် အမှိုက်ကောက် 
1 / 5
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေမှာ အမှိုက်တွေ အရမ်းများနေပြီး အများပြည်သူတွေ သန့်ရှင်းသာယာစွာ အပန်းဖြေနိုင်ဖို့  lean Kyauk Phyu အဖွဲ့က ဦးဆောင်ပြီး အမှိုက်ကောက်ခဲ့ပါတယ်။ 

Clean Kyauk Phyu ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဖြိုးသူက “ဒီကမ်းခြေ သာယာလှပအောင်၊ ဒီမြို့သစ်နေအောင်၊ ဒီကမ်းခြေလည်း သာယာလှပအောင် နောက်ပြီး တခြား ပြည်နယ်ကလာတဲ့ သူတွေလည်း အပန်းလာဖြေတဲ့အချိန်မှာ ဒီကမ်းခြေကြီးဟာ သန့်ရှင်းနေအောင်လို့ အဓိက ရည်ရွယ်ချက်နဲ့ပေါ့နော် အမှိုက်ကောက်ဖြစ်တာပါ။”

ပင်လယ်ကမ်းခြေရှိ စွန့်ပစ်အမှိုက်တွေထဲမှာ ပလတ်စတစ်တွေ ပါဝင်နေတာကြောင့် ရေနေသတ္တဝါတွေနဲ့ လူတွေကိုလည်း ထိခိုက်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မြစ်၊ ချောင်းနဲ့ ပင်လယ်ထဲတွေကို အမှိုက်မပစ်ကြဖို့ လိုအပ်တယ်လို့လည်း ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က ပြောပါတယ်။

ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပဖို့အတွက် Clean KyaukPhyu အဖွဲ့နဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ပြီး စနေနေ့တိုင်း အမှိုက်ကောက်လာခဲ့ကြတာလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက်ဖြူမြို့က အရပ်ဘက်လူငယ်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာပြီး လူ ၅၀ ကျော်နဲ့ ပင်လယ်ကမ်းခြေမှာ အမှိုက်ကောက်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း - နောင်နောင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013