DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာတွေ့နှုန်း ကျဆင်းလာသော်လည်း စည်းကမ်းချက်များ လုံးဝမပေါ့ရန် သတိပေး
DVB
·
December 26, 2020
ကိုဗစ်လူနာတွေ့နှုန်း ကျဆင်းလာသော်လည်း စည်းကမ်းချက်များ လုံးဝမပေါ့ရန် သတိပေး
Donate to DVB

အတည်ပြုလူနာ တွေ့ရှိမှုနှုန်း ကျဆင်းလာပေမယ့် ကိုဗစ်စည်းကမ်းတွေကို လုံးဝ ပေါ့လို့ မရသေးကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေး ပြောကြားပါတယ်။ 

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ကစတင်ပြီး ၁၀၀၀ အောက်ကို လျော့ကျလာ ၁ ပတ်လောက် ရှိလာနေပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ပိုးတွေ့မှုက ၄ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာတာ ဖြစ်ပါတယ်။ 

အခုလို ပိုးတွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် အရေအတွက်အနေနဲ့တော့ ရာဂဏန်းလောက်အထိ တွေ့နေရဆဲဖြစ်လို့ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေကို လုံးဝပေ့ါလျော့လို့ မဖြစ်သေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာလည်း အတည်ပြုလူနာတွေ့ရှိမှုနှုန်း လျော့ကျလာပြီး တစ်နိုင်ငံလုံး အတည်ပြုလူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်သာ တွေ့နေရတော့တဲ့ အနေအထားဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိတာကို ရန်ကုန်တိုင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထိန်းချုပ်လာနိုင်တာ တွေ့ရပြီး မန္တလေးတိုင်းကတော့ ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

အခုလို အတည်ပြုလူနာတွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို မလျှော့ချဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားပါတယ်။ 

စျေးတွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ အများပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့နေရာတွေ၊ လုပ်ငန်းတွေမှာ ကိုဗစ်စည်းကမ်းတွေ လိုက်နာစေဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၀,၉၄၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013