DVB Logo
Home
မြန်မာသတင်း
ကွမ်းလုံနှင့် သိန္နီတွင် ကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆိုဒီယမ်ဆိုက်ရာနိုက်များ ဖမ်းမိ
DVB
·
December 26, 2020
ကွမ်းလုံနှင့် သိန္နီတွင် ကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆိုဒီယမ်ဆိုက်ရာနိုက်များ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်နဲ့ သိန္နီမြို့နယ်တို့မှာ ကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ ဆိုဒီယမ်ဆိုက်ရာနိုက်တွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီက ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-သိန္နီသွားကားလမ်း၊ ကန်မိန်းလမ်းဆုံအနီးမှာ သတင်းအရ TOYOTA Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားပါတယ်။ 

လိုက်လံဖမ်းဆီးရာ ၃ နာရီခွဲအချိန်လောက်က ကွမ်းလုံမြို့နယ်၊ ကန်မိန်းကျေးရွာအနီးမှာ မော်တော်ယာဉ်အား ဂျုံးမီ(ခ)ဆန်းသီ၊ လောက်ဝူ(ခ)လီမင်ချန်(ခ)ကျော်ထွေး၊ ရန်ဖာဝမ်(ခ)ဝူသီး(ခ) ကျော်ခိုင် တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မော်တော်ယာဉ်ရဲ့ ရှေ့တံခါး ဝဲ/ယာအတွင်းနဲ့ နောက်ကြမ်းခင်းအံဝှက်အတွင်းတို့ကနေ  ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် ၆၄ ကီလို၊ ၉ မမ ကျည် ၁၀၀ တောင့်နဲ့ ပွိုင့် ၂၂ ကျည် ၈၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဂျုံးမီ(ခ)ဆန်းသီ အပါအဝင် ၃ ဦးတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။ ဖမ်းဆီးရမိ ဘိန်းညိုမှုန့်တွေကို နမ့်စန်မြို့ကနေ ကွမ်းလုံမြို့နယ်ကို သယ်ဆောင်လာတာလို့ သိရပါတယ်။

အလားတူ အကောက်ခွန်ဦးစီးဌာနဝန်ထမ်းတွေနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က သိန္နီမြို့နယ်၊ ရေပူကျေးရွာအနီး၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ မူဆယ်ဘက်ကနေ မန္တလေးဘက် ဇော်ထက် မောင်းနှင်လာတဲ့ ၂၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း အိမ်ဆောက်ပစ္စည်းတွေနဲ့ ဖုံးအုပ်သယ်လာတဲ့ ပီပါပုံးတွေအတွင်းကနေ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက် ၁၉၂၅၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

ဇော်ထက်အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိတဲ့ ဆိုဒီယမ်ဆိုင်ရာနိုက်တွေကို နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့က မန္တလေးမြို့ကို သယ်ဆောင်လာတာဖြစ်ပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013