DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရကို ဧရာဝတီဖောင်ဒေးရှင်းက သိန်း ၃၅၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
DVB
·
December 25, 2020
ဧရာဝတီတိုင်းအစိုးရကို ဧရာဝတီဖောင်ဒေးရှင်းက သိန်း ၃၅၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း
Donate to DVB

ဧရာဝတီတိုင်းအတွင်းက ဆေးရုံတွေမှာ အသုံးပြုဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းက တိုင်းအစိုးရကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ငွေကျပ် သိန်း ၃၅၀၀ တန်ဖိုးရှိတဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သိန်း ၃၅၀၀ တန်ဖိုးရှိတဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ လာရောက်လှူဒါန်းခဲ့တာလို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းက လာရောက်လှူဒါန်းတဲ့ သိန်း ၃၅၀၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေထဲမှာ အောက်ဆီဂျင်စက် ၁ လုံး၊ PAPR ၃၅ စုံ၊ HFNC စက် ၁၀ လုံး၊ Patient Monltor+Bed+ Table+ Cabinet ၃၅ စုံ၊ ECG ၁၆ လုံး၊ Syringe Pump အလုံး ၄၀၊ Surgical Mask ၁၂၀,၀၀၀ တို့ပါဝင်ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံခဲ့တယ်လို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့ကို လှူဒါန်းခဲ့သလို တိုင်းအတွင်းက မြို့နယ်တွေကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက သွားရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ဆန်အိတ် ၂၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013