DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသူများအတွက် ကျပ်သန်းပေါင်း ၅ သိန်းခွဲကျော် ထောက်ပံ့ထား
DVB
·
December 24, 2020
ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသူများအတွက် ကျပ်သန်းပေါင်း ၅ သိန်းခွဲကျော် ထောက်ပံ့ထား
Donate to DVB

ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေအတွက် ကျပ်သန်းပေါင်း ၅ သိန်းခွဲကျော် ထောက်ပံ့ထားပြီဖြစ်သလို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် လစဉ်ချီးမြှင့်ငွေ တိုးပေးဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးက ဆိုပါတယ်။

ဝန်ကြီးဦးမင်းသူက သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားပြောဆိုလိုက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေကို သုံးစွဲပြီး ထောက်ပံ့ပေးနေတာကြောင့် အချိန်ယူစိစစ်နေရတာကို နားလည်ပေးကြဖို့ ဖော်ပြထားပါတယ်။

“အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းမှာ ယခင်ကမပါဝင်သော်လည်းဘဲ  ကိုဗစ် ကပ်ရောဂါကာလ ရှည်ကြာလာလို့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေတဲ့ အိမ်ထောင်စုများက ထောက်ပံ့ကြေး လိုချင်ကြောင်း တောင်းခံသူတွေရဲ့တင်ပြစာတွေကိုပါ စိစစ်ပေးလျက်ရှိပြီး  အမျိုးသားအဆင့်  ဗဟိုကော်မတီကို တင်ပြနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၂၀၊ ဧပြီလကစလို့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၄ သန်းလောက်ကို အခြေခံစားကုန် ၅ မျိုး ထောက်ပံ့ခဲ့ပြီး ကိုဗစ်ကာလဖြစ်လို့ ကန့်သတ်ချက်တွေ ရှိနေသလို စာရင်းတွေကို ပြန်လည်စိစစ်ဖို့ အချိန်သိပ်မရတာ၊ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ရာကနေ ပြန်လာကြပြီး အခက်အခဲကြုံတွေ့နေကြတဲ့ အိမ်ထောင်စုတွေတိုးလာတာ စတဲ့ အကြောင်းတွေကြောင့် တိုင်းနဲ့ ပြည်နယ် အစိုးရတွေက တင်ပြလာတဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းလောက်ကို အိမ်ထောင်စု တစု ကျပ် ၁၅,၀၀၀ စီ ထပ်ပြီး ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ်မှာ ငွေကျပ် ၄၀,၀၀၀ ကို ကျပ် ၂ သောင်းစီ ၂ ကြိမ်ခွဲပြီး ဇူလိုင်နဲ့ သြဂုတ်လတို့မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းလောက်၊ တတိယအကြိမ် စက်တင်ဘာလမှာတော့ အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်းလောက်ကို စတုတ္ထအကြိမ်မှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်း လောက်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒါ့အပြင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ထပ်မံစိစစ်တင်ပြလာတဲ့ ထပ်တိုး အိမ်ထောင်စုပေါင်း ၀ ဒသမ ၁၃ သန်းခန့်ကိုလည်း ဗဟိုကော်မတီကခွင့်ပြုခဲ့တဲ့အတွက် ယခုအချိန်ထိ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ခဲ့တာ ယခု စတုတ္ထအကြိမ်အထိဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ထောက်ပံ့မှု ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံ အထိ ရှိခဲ့ပြီဖြစ်ပြီး ဒီလို ရသင့်ရထိုက်တဲ့ သူတွေကို ထောက်ပံ့နိုင်ဖို့အတွက်လည်း နိုင်ငံတော်အစိုးရက မူတွေချမှတ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ကျနော်တို့အနေနဲ့ ကိုဗစ် ရောဂါကြောင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များဟာလည်း ပုံမှန်ဆောင်ရွက်ရတဲ့ အခြေအနေများနဲ့မတူဘဲ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ဆက်လက်ရေးသားထားပါတယ်။

ပြီးတော့ ရပ်/‌ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် လစဉ် ချီးမြှင့်ငွေ တိုးမြှင့်ဖို့ကိစ္စတွေ၊ ရပ်/ကျေးရုံးတွေနဲ့ ပတ်သက်ပြီး ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ တခြား လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ရေး အတွက် အထက်ကိုတင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ထောက်ပံ့ကြေးမရတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၇ ရက်အထိ တိုင်ကြားစာပေါင်း ၂ သိန်း ၁ သောင်းကျော်ရခဲ့ပြီး ၁ သိန်း ၈ သောင်းကျော်ကို စိစစ်ပြီးစီးခဲ့တာမှာ မှတ်ကန်တဲ့ တိုင်ကြားစာက ၁ သိန်း ၈ သောင်းလောက်၊ မှန်ကန်မှုမရှိတဲ့ တိုင်ကြားစာပေါင်း ၅၄၀၀ ကျော် တွေ့ရတယ်လို့ ဆိုပါတယ်။

တိုင်စာတွေထဲမှာ အလုပ်အကိုင် အဆင်မပြေတာတွေနဲ့ ထောက်ပံ့မှုစာရင်းမှာ မပါလို့ တိုင်တာက ၉၆ ရာခိုင်းကျော်၊ ထောက်ပံ့ကြေး အပြည့်အဝမရလို့ တိုင်တာက ၀ ဒသမ ၀၈ ရာခိုင်နှုန်း၊ ထောက်ပံ့တာမှာ မပွင့်လင်းလို့ တိုင်တာက ၀ ဒသမ ၀၇ ရာခိုင်နှုန်း၊ အရင်ထောက်ပံ့တာမှာ ပါပြီး နောက် ထောက်ပံ့တာမှာမပါလို့ တိုင်တာက  ၀ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့ တင်ပြတဲ့ အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားလို့ တိုင်တာက ၀ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း ဝန်ကြီးက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013