DVB Logo
Home
မြန်မာသတင်း
ပွဲစားအား ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မည့် မြန်မာမိသားစု တောထဲတွင် အဖမ်းခံရ 
DVB
·
December 24, 2020
ပွဲစားအား ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မည့် မြန်မာမိသားစု တောထဲတွင် အဖမ်းခံရ 
Donate to DVB

ထိုင်းနိုင်ငံ အနောက်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်ထဲမှာ  ပွဲစားကို ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မယ့် မြန်မာမိသားတစု တောထဲမှာ အဖမ်းခံလိုက်ရတယ်လို့ ထိုင်း Thaicrime Online သတင်းမှာ ဖော်ပြပါတယ်။ 

ပရကျုတ်ခီရီခန်မြို့နယ် အောဝ်နွဲ့အုပ်စု ကရင်ရွာအစွန်ရှိ ရာဘာတောအုပ်ထဲမှာ မသင်္ကာ ဘွယ်လူတစ်စု ရောက်ရှိနေကြောင်း ရွာသားတွေ အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၂၃ ရက် မနက် ၄ နာရီလောက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ တရားမဝင်ခရီးသွားတွေကို ဖမ်းဆီးရမိခဲ့တာလို့  နောင်ဆေရွာသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။ 

သူတို့ ရာဘာထဲရောက်သွားချိန်မှာ အစက လူကြီး နဲ့ ကလေးအပါအဝင် စုစုပေါင်း ၅ ဦးကို တွေ့ခဲ့ပြီး လူဝင်လာတာသိတဲ့အတွက် အမျိုးသားတစ်ယောက်က မှောင်ရိပ်ခိုထွက်ပြေးသွား ခဲ့ပါတယ်။ 

ကျန်တဲ့ ၄ ယောက်မှာ အသက် ၃၀ နှစ်ရွယ် သန်းသန်းမေဆိုသူ မြန်မာအမျိုးသမီးနဲ့ ၁၀နှစ်ရွယ် ယောက်ျားလေး ၁ ယောက်၊ ၇ နှစ်ရွယ် မိန်းကလေး ၂ ယောက်တို့ဖြစ်ကြောင်း၊ သူတို့မိသားစုဟာ ချွန်းဖွန်းခရိုင် ပါထျူ့မြို့နယ်ရှိ ဆီအုန်းခြံက အလုပ်သမားတွေဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်မြို့ကို ပြန်ပြီးအခြေချဖို့ ပွဲစားအဆက်အသွယ်နဲ့ ပြန်ခဲ့တာလို့ ဆိုပါတယ်။

ပို့ပေးခအနေနဲ့ ပွဲစားကို လူကြီးတစ်ယောက် ဘတ် ၃ ထောင်၊ ကလေးတစ်ယောက် ဘတ် ၂ ထောင်နှုန်းနဲ့ ဘတ် ၆ ထောင်  စုစုပေါင်း ၉ ထောင်ပေးခဲ့ပြီး တောလမ်းမှ ခေါ်ဆောင်လာစဉ် အဖမ်းခံခဲ့ရကြောင်း၊ မှောင်ရိပ်ခို ထွက်ပြေးသွားသူမှာ လမ်းပြပွဲစားဖြစ်တယ်လို့  ပြောပါတယ်။ 

သူတို့သားအမိမှာ ထိုင်းကို ရောက်နေတာ ၆ နှစ်လောက်ရှိပြီဖြစ်ပြီး နေရပ်မှာပြန်အခြေချဖို့ အကြောင်းပေါ်လာလို့ ပြန်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းမှာတော့ ခင်ပွန်းဖြစ်သူပဲ ကျန်ခဲ့တယ်လို့ သန်းသန်းမေက ပြောပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ် ၁၉ ဥပဒေနဲ့ အရေးယူပြီး  နယ်စပ်တရားဝင်လမ်း ကြောင်းကနေ ပြန်ပို့ပေးဖို့ အလုပ်ရှင်ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013