DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မ လယ်သမား ၃၀ ကျော် တရားစွဲခံထားရမှု ရုပ်သိမ်းပေးရန် ဆန္ဒပြ
DVB
·
December 24, 2020
ဝါးခယ်မ လယ်သမား ၃၀ ကျော် တရားစွဲခံထားရမှု ရုပ်သိမ်းပေးရန် ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ လယ်သမား ၃၂ ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုမှုအား ရုပ်သိမ်းပေးဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့က လယ်သမားအယောက် ၃၀ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခံထားရတဲ့ လယ်သမားတွေဟာ ရေရရှိရေးအတွက် ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်းကို အင်းသားကြီးက ပိတ်ဆို့ငါးဖမ်းနေတဲ့ အတားအဆီးတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖယ်ရှားခဲ့တာကြောင့် တရားစွဲခံထားရတာလို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားအရေး ​ကူညီပေးနေသူ မသန်းသန်းမိုး “ဆည်မြောင်းဌာနက ဖျက်သိမ်းပေးဖို့ အမိန့်ထုတ်ထားတာကို မဖျက်လို့ လယ်သမားတွေက ဝင်ဖယ်ရှားရတာ၊ တားမြစ်စာထုတ်တာကလည်း ညမှရောက်လာတာပါ။ အဲ့တာကို ကျမ အပါအဝင် လယ်သမား ၃၂ ဦးကို ထွေအုပ်က တရားလိုလုပ်ပြီး မတရားတရားစွဲဆိုထားတာကို ရုတ်သိမ်းပေးဖို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လယ်သမားတွေက စပါးစိုက်ပျိုးဖို့အတွက် ရေရရှိရေး ဆည်းမြောင်းဦးစီးဌာနက စာပို့အကူညီတောင်းခံလို့ အင်းသားကြီးပိတ်ဆို့ထားတဲ့ အရာတွေကို ဖျက်သိမ်းဖို့ ဆည်မြောင်းဦးစီးဌာနက စာပို့ခဲ့ပေမဲ့ မဖျက်သိမ်းပေးလို့ လယ်သမားတွေက ဝင်ရောက်ဖယ်ရှားခဲ့တာကြောင့် တရားစွဲခံရတာလည်း ဖြစ်ပါတယ်။

လယ်သမား ၃၂ ဦးကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုထားတဲ့ ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်ကတော့ ခုလိုတရားစွဲဆိုတာဟာ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို မလိုက်နာလို့ တာဝန်အရ ဆောင်ရွက်ရတာသာဖြစ်တယ်လို့ DVB ကိုပြောပါတယ်။

“ကိုဗစ်ဖြစ်ပွားနေတဲ့ ကာလမလို့ လူစုလူဝေးမလုပ်ဖို့ ကျနော်တို့ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေဆဲ အဲ့ကာလမှာလည်း မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းမျိုးမှ တရားဥပဒေမညီတဲ့ ပြုလုပ်ဆောင်ရွက်တာမျိုးမပြုလုပ်ဖို့ တားမြစ်တဲ့အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဖြေလျှော့ရေးအဖွဲ့နဲ့ တားဆီးတယ် မရလို့ တရားစွဲရတာဖြစ်ပါတယ်။”

မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ နဲ့ လယ်သမား ၃၂ ဦး၊ အင်းသားကြီးက လယ်သမား ၆ ဦးတို့ကို ပုဒ်မ ၃၇၉၊ ၄၂၇ တို့နဲ့ တရားစွဲဆိုထားတာ ရုပ်သိမ်းပေးဖို့ လယ်သမားတွေက ဝါးခယ်မမြို့ရဲ့ ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်​ရေးရုံး၊ ဆည်မြောင်းရုံးရှေ့တွေမှာ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

လယ်သမားတွေကို တရားစွဲထားတဲ့အမှုတွေ ရုပ်သိမ်းပေးဖို့၊ တောင်သူအကျိုးစီးပွားပျက်စီးမှု နိုင်ငံတော်ကာ အကာကွယ်ပေးဖို့နဲ့ အင်းသားကြီးဘက်ကနေ ဘက်လိုက်ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေ အရေးယူပေးဖို့ အပါဝင် အချက် ၈ ချက်ကို လယ်သမားတွေက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013