DVB Logo
Home
မြန်မာသတင်း
The Voice Myanmar တွင် နဂါးနီသီချင်းကို ကိုယ်တိုင်ဆိုင်းတီးသီဆိုပြီး အစွမ်းပြခဲ့သူ ခင်ရတနာစိုး (ရုပ်သံ) 
DVB
·
December 21, 2020
The Voice Myanmar တွင် နဂါးနီသီချင်းကို ကိုယ်တိုင်ဆိုင်းတီးသီဆိုပြီး အစွမ်းပြခဲ့သူ ခင်ရတနာစိုး (ရုပ်သံ) 
Donate to DVB

“ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြ ဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… မွဲတဲ့လူ လှူဒါန်းနိုင်မည်… ကျောင်းဆောက်ကာ ဘုရားတည်… ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏ တို့… မ,တဲ့ကိန်းဆိုက်မယ်”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တေးရေး ရွှေတိုင်ညွန့် ရေးစပ်ထားခဲ့တဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “နဂါးနီ”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ခုတခါမှာတော့ ဒီသီချင်းကို The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ တကျော့ပြန် ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးက ဒီသီချင်းကို ဆိုင်းဝိုင်းနဲ့ ကိုယ်တိုင်တီးပြီး အစွမ်းပြယှဉ်ပြိုင်သွားခဲ့ပါတယ်။

ဒိုက်ဦးမြို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ် ခင်ရတနာစိုးဟာ Blind Audition အဆင့်မှာ အားလုံးရင်းနှီးကျွမ်းဝင်ကြပြီးဖြစ်တဲ့ “ငယ်ကျွမ်းဆွေ”သီချင်းနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ခိုင်သဒ္ဒါစိမ့်နဲ့အတူ တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ အပြိုင်ကြဲသီဆိုခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

နောက်တဆင့် KnockOut Round အဆင့်မှာတော့ ခင်ရတနာစိုးက “ဘယ်ရည်းစားကိုအချစ်ဆုံးလဲ” သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေးချယ်တာဖြစ်ကာ ခင်ရတနာစိုးက မီးနိုရဲ့ “အနှောင်အဖွဲ့”သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်အစွမ်းပြသွားခဲ့ပြီး ပရိသတ်မဲ အများဆုံးနဲ့ နောက်တဆင့် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဆီမီးဖိုင်နယ်အဆင့်မှာတော့ ခင်ရတနာစိုးက “ဆောင်းကြာခြည်” သီချင်းနဲ့ ထပ်မံအစွမ်းပြပြီး မဲအများဆုံးနဲ့ တဦးတည်းသော အမျိုးသမီးပြိုင်ပွဲဝင်အနေနဲ့ နောက်ဆုံးဖိုင် နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။

ဒီအဆင့်မှာတော့ ခင်ရတနာစိုးက “နဂါးနီ”၊ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013