DVB Logo
Home
Lead Story
Evanescence သီချင်းဖြင့် ယှဉ်ပြိုင်ပြီး Battle Round ကို ဖြတ်ကျော်နိုင်ခဲ့သည့် Janus နှင့် နော်ပြည့်စုံအေးကြူ(ရုပ်သံ)
DVB
·
October 5, 2020
Evanescence သီချင်းဖြင့် ယှဉ်ပြိုင်ပြီး Battle Round ကို ဖြတ်ကျော်နိုင်ခဲ့သည့် Janus နှင့် နော်ပြည့်စုံအေးကြူ(ရုပ်သံ)
Donate to DVB

       မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တလော မှာတော့ Battle Round အဆင့်ကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲအစမှာတော့ R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် Janus နဲ့ နော်ပြည့် စုံအေးကြူတို့က နာမည်ကြီးအမေရိကန်ရော့ခ်တေးဂီတအဖွဲ့ Evanescence ရဲ့ “Bring Me to Life” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

       Evanescence အဖွဲ့ကို ၁၉၉၅ ခုနှစ်က အဆိုတော် Amy Lee နဲ့ ဂစ်တာသမား Ben Moody တို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Fallen”တေး အယ်လ်ဘမ်ကတော့ ပွဲဦးထွက်အယ်လ်ဘမ်လည်း ဖြစ်သလို စီးပွားရေးအရ ရောင်းအား အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး အယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ The Open Door ၊ ၂၀၁၁ ခုနှစ်မှာ Evanescence ၊ ၂၀၁၇ ခုနှစ်မှာ Synthesis တေးအယ်လ်ဘမ်တွေကို ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Evanescence အဖွဲ့ဟာ အခုနှစ် ထဲမှာတော့ The Bitter Truth အယ်လ်ဘမ်ကို ထွက်ရှိထားခဲ့ပြီး လက်ရှိအဖွဲ့ဝင်တွေက တော့ စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက တောက်လျှောက်ပါဝင်ခဲ့သူ အဆိုတော် Amy Lee နဲ့ တခြားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Tim McCord ၊ Will Hunt ၊ Troy McLawhorn ၊ Jen Majura တို့ပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ် ၂ ခုကျော်ကာကကို ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ Evanescence တေးဂီတအ ဖွဲ့အနေနဲ့ ဂရမ်မီဆုအပါအဝင် ဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားခဲ့ပြီ ဖြစ်ပါ တယ်။

ခုတခါ The Voice Myanmar Season 3 မှာ ပြိုင်ပွဲဝင် Janus နဲ့ နော်ပြည့်စုံအေးကြူတို့ သီဆိုယှဉ်ပြိုင်တဲ့ “Bring Me to Life” သီချင်းကတော့ Evanescence အဖွဲ့ရဲ့ “Fallen”တေး အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

Blind Audition အဆင့်မှာတုန်းကတော့ Janus က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အမေရိကန် အဆိုတော် Frank Sinatra ရဲ့ "Stranger in the night" သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နော်ပြည့်စုံအေးကြူကတော့ အမေရိကန်ဟဲဗီးမက်တယ်လ် တေးဂီတအဖွဲ့ Slipknot ရဲ့ “Psychosocial” သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ သူတို့ ၂ ယောက်ရဲ့ “Bring Me to Life” သီချင်းနဲ့ Battle Round ယှဉ်ပြိုင်မှု အဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ R. ဇာနည်က Janus ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရပဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ နော်ပြည့်စုံအေးကြူကို Coach နီနီခင်ဇော်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013