DVB Logo
Home
မြန်မာသတင်း
“စနေမှာရွာတဲ့မိုး”သီချင်းဖြင့် Battle Round ကို ကျော်ဖြတ်နိုင်ခဲ့သူ ပြိုင်ပွဲဝင် Jen Jeng (ရုပ်သံ)
DVB
·
October 5, 2020
“စနေမှာရွာတဲ့မိုး”သီချင်းဖြင့် Battle Round ကို ကျော်ဖြတ်နိုင်ခဲ့သူ ပြိုင်ပွဲဝင် Jen Jeng (ရုပ်သံ)
Donate to DVB

“လားလားလားလားလား လာ… လားလားလားလား လာ လာ လာ… လားလား လားလား လာ လာ လာ… လားလားလားလား လာ လာ လာ… ရွှေအိုရောင်လိုမှုန်းတဲ့ အသား… ဒီကမ္ဘာပေါ်မှာ နှစ်ယောက်မရှိဘူး… ပင်လယ်ပြင်လို စိမ်းတဲ့စကား… ချွဲချွဲ နွဲ့နွဲ့ ပြောမှာလား”

ဒါကတော့ အားလုံးသိကြပြီးဖြစ်တဲ့ “စနေမှာရွာတဲ့မိုး”သီချင်းထဲက တေးသွားစာသားတွေဖြစ်ပြီး ခုတခါမှာတော့ The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲစင်မြင့်ထက်မှာ တကျော့ပြန် ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

တချိန်က နာမည်ကြီးသီချင်းတပုဒ်ဖြစ်ပြီး လက်ရှိအချိန်ထိတိုင် ထင်ရှားနေဆဲဖြစ်တဲ့ “စနေမှာရွာတဲ့မိုး”သီချင်းကိုတော့ တေးရေးကိုဆွေနွယ်က ရေးစပ်ပေးထားခဲ့ပြီး စိန်လွင်နဲ့ ပုလဲတို့ခေတ်ကစလို့ ဂျက်မြသောင်းနဲ့ အယ်လ်ခွန်းရီ၊ ဇော်ဝင်းထွဋ်နဲ့ ဟေမာနေဝင်း၊ အောင်ရင်နဲ့ ကော်နီတို့ သီဆိုချိန်အထိ ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တလော မှာတော့ Battle Round အဆင့်ကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲအစမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ဖြုန်းတီးနဲ့ Jen Jeng တို့က “စနေမှာရွာတဲ့မိုး”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Blind Audition အဆင့်မှာတုန်းကတော့ ဖြုန်းတီးက အဆိုတော် မျိုးကြီးရဲ့ နာမည်ကျော် “လွမ်းတဲ့စိတ်”သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ Jen Jeng ကတော့ ဂျေမောင်မောင်ရဲ့ “စိတ်ကူးတောင်ပံများ”သီချင်းနဲ့ ယှဉ်ပြိုင်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

“ငွေပန်းချီခြယ်ရင် ရှုံးသတဲ့လား… လူရယ်ချင်အောင် မြှောက်ပင့်သူ… ကိန္နရီ မောင်နှံ ထုံးဖွှဲ့စကား… မုန်းမုန်းမေ့မေ့ ဘေးမှာထား… သီတာရေမြေဆုံးစေသား… တ ကယ်ပါ အဟုတ်ပါ… ချစ်လို့ပါ… အချစ်မူးလေးများ ပြောတဲ့စကား… ယုံရင်ရူးမယ် စိတ် ညစ်မယ်”

Battle Round မှာတော့ ပြိုင်ပွဲဝင် ဖြုန်းတီးနဲ့ Jen Jeng တို့  ၂ ယောက်ရဲ့ ဒီသီချင်းကို ရက်ဂေးပုံစံ သီဆိုဖျော်ဖြေမှုဟာ ပုံစံတမျိုးနဲ့ ကွဲထွက်နေခဲ့ပြီး သီချင်းဆုံးတဲ့ထိ ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

သီချင်းအဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာ ရန်ရန်ချန်းက Jen Jeng ကို ရွေးချယ်ခဲ့တာမို့ ဖြုန်းတီးက ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013