DVB Logo
Home
မြန်မာသတင်း
“တစ်နယ်စီခွဲနိုင်မလား”သီချင်းဖြင့် Battle Round ကို အတူဖြတ်ကျော်နိုင်ခဲ့သည့် N Oo L နှင့် စုမွန် (ရုပ်သံ)
DVB
·
October 26, 2020
“တစ်နယ်စီခွဲနိုင်မလား”သီချင်းဖြင့် Battle Round ကို အတူဖြတ်ကျော်နိုင်ခဲ့သည့် N Oo L နှင့် စုမွန် (ရုပ်သံ)
Donate to DVB

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် N Oo L နဲ့ စုမွန်တို့က စုံတွဲသီချင်းတပုဒ်နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ကြ ပါတယ်။

ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲမှာတော့ R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ N Oo L နဲ့ စုမွန်တို့က “တစ်နယ်စီခွဲနိုင်မလား”အမည်ရတဲ့ စုံတွဲသီချင်းနဲ့ လိုက်ဖက်ညီညီ ယှဉ် ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

       အဲဒီသီချင်းကတော့ တချိန်က နာမည်ကြီးအဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ R. ဇာနည်နဲ့ ဆုန်သင်းပါရ်တို့ရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းဖြစ်သ လို ခုတခါ ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ ယှဉ်ပြိုင်မှုကလည်း ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာ ကို တွေ့ရပါတယ်။

Blind Audition အဆင့်မှာတုန်းကတော့ N Oo L က ထူးအိမ်သင်ရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး”သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုမွန် ကတော့ ဆုန်သင်းပါရ်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ချယ်ရီမြို့” သီချင်းနဲ့ ယှဉ်ပြိုင် ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ “တစ်နယ်စီခွဲနိုင်မလား”သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ် ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ R. ဇာနည်က N Oo L ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ စုမွန်ကို Coach ရန်ရန်ချန်းက ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013