DVB Logo
Home
Lead Story
“နှစ်ယောက်တစ်ယောက်”ရက်ပ်သီချင်းဖြင့် အပြိုင်ကြဲပြီး Battle Round ကို ဖြတ်ကျော်ခဲ့သည့် Error နှင့် ရွှေသွေး(ရုပ်သံ)
DVB
·
October 19, 2020
“နှစ်ယောက်တစ်ယောက်”ရက်ပ်သီချင်းဖြင့် အပြိုင်ကြဲပြီး Battle Round ကို ဖြတ်ကျော်ခဲ့သည့် Error နှင့် ရွှေသွေး(ရုပ်သံ)
Donate to DVB

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ရွှေသွေးနဲ့ Error အဖွဲ့တို့က ကိုယ်တိုင်ရေး ရက်ပ်သီချင်းတွေနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ရွှေသွေး နဲ့ Error အဖွဲ့က သူတို့ကိုယ်တိုင်ရေးထားတဲ့ “နှစ်ယောက်တစ်ယောက်”အမည်ရတဲ့ ရက်ပ်သီချင်းနဲ့ အမိုက်စားယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Blind Audition အဆင့်မှာတုန်းကတော့ Error အဖွဲ့က Lil'Z နဲ့ Mary တို့ သီဆိုထားကြတဲ့ “မငိုပါနဲ့တော့” သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရွှေသွေးကတော့ အမေရိကန်ဟစ်ဟော့ပ်ရက်ပါအဆိုတော် 2Pac ရဲ့ Dear Mama သီချင်းနဲ့ ယှဉ်ပြိုင်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ “နှစ်ယောက်တစ်ယောက်” သီချင်းနဲ့ သူတို့နှစ်ဘက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ ရန်ရန်ချန်းက Error အဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ ရွှေသွေးကို Coach ကျားပေါက်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013