DVB Logo
Home
မြန်မာသတင်း
“အိမ်ကိုပြန်ခဲ့တော့”သီချင်းဖြင့် Battle Round ကို ဖြတ်ကျော်နိုင်ခဲ့သူ ကလေးမြို့သား ပြိုင်ပွဲဝင် ၂ ဦး(ရုပ်သံ)
DVB
·
October 12, 2020
“အိမ်ကိုပြန်ခဲ့တော့”သီချင်းဖြင့် Battle Round ကို ဖြတ်ကျော်နိုင်ခဲ့သူ ကလေးမြို့သား ပြိုင်ပွဲဝင် ၂ ဦး(ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တလောမှာတော့ Battle Round အဆင့်ကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက် တတွဲစီ သီဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲမှာတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက ကလေးမြို့သား ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ တွမ်ပီးနဲ့ ဂျပန်ကြီးတို့က နာမည်ကြီးရော့ခ်သီချင်းတပုဒ်ဖြစ်တဲ့ “အိမ်ကိုပြန်ခဲ့တော့” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ တေးရေး ကေအေတီရဲ့ လက်ရာ “အိမ်ကိုပြန်ခဲ့တော့” သီချင်းကိုတော့ ပရိသတ်တွေက နာမည်ကြီးအဆိုတော် မျိုးကြီး၊ လေးဖြူတို့ရဲ့ သီဆိုဟန်နဲ့အတူ သိကြပြီး ဖြစ်မှာပါ။

မြူးကြွတဲ့ တေးသွားမယ်လိုဒီတွေနဲ့ ဒီသီချင်းကိုတော့ ခုတခါမှာ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်ကြတဲ့ တွမ်ပီးနဲ့ ဂျပန်ကြီးတို့က အမိုက်စား ယှဉ်ပြိုင်သွားခဲ့ကြတာကို တွေ့ရပါတယ်။

Blind Audition အဆင့်မှာတုန်းကတော့ တွမ်ပီးက ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Asking Alexandria ရဲ့ “Run Free” သီချင်းနဲ့ အမိုက်စား ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဂျပန်ကြီးကတော့ တေးရေးတေးဆို စစ်သူရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “ငါ့ဘဝ” သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ပြီး R.ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ သူတို့ ၂ ယောက်ရဲ့ “အိမ်ကိုပြန်ခဲ့တော့” သီချင်းနဲ့ Battle Round ယှဉ်ပြိုင်မှု အဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ ကျားပေါက်က တွမ်ပီးကို ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရပဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ ဂျပန်ကြီးကို Coach ရန်ရန်ချန်းက ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013