DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံး သေဆုံး
DVB
·
December 20, 2020
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာ ၁ ဦး ဒီဇင်ဘာ ၂၀ ရက်နေ့မနက်ပိုင်းက ပထမဆုံး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီ လက်ထောက်ဆရာဝန် ဒေါက်တာယဥ်မင်းမင်းစိန်က​ ပြောပါတယ်။

သေဆုံးလူနာဟာ စူပါဝမ်းမုန့်တိုက်ပိုင်ရှင်ဖြစ်ပြီး နဂိုကတည်းက ဆီချို၊ သွေးချို ရောဂါအခံ ရှိနေတယ်လို့ သိရပါတယ်။

ကွယ်လွန်သူဟာ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်တာကြောင့် ဘာသာရေး ထုံးတမ်းအစဥ်အလာနဲ့အညီ ကိုဗစ်စည်းကမ်းအရ အစ္စလာမ်ဘာသာရေးသုသာန်မှာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ နာရေးကိစ္စ ပြီးစီးခဲ့တယ်လို့ Rescue Kyaukse ပရဟိတအသင်း ဥက္ကဋ္ဌ ဦးဟန်မျိုးအောင်က ပြောပါတယ်။

ကျောက်ဆည်မြို့မှာ တနေ့တည်း ကိုဗစ်လူနာ အများအပြား တွေ့ရှိခဲ့တဲ့ စူပါဝမ်းမုန့်တိုက်နဲ့ ဆက်စပ်ပြီး ကိုဗစ်-၁၉ တွေ့ရှိသူ အယောက် ၃၀ အထိ ရှိသွားပြီ ဖြစ်ပါတယ်။ 

ကျောက်ဆည်မြို့နယ် အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က “စူပါဝမ်းမုန့်တိုက်အဆက်၊ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းအဆက်နဲ့ အထည်ချုပ်စက်ရုံအဆက် လူနာတွေ နေ့တိုင်း positive တွေ့နေရပြီး လူနာပိုတိုးလာဖို့ပဲ ရှိနေတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၄၃ ယောက်အထိ ရှိသွားပြီလို့ ဒေါက်တာယဥ်မင်းမင်းစိန်က ပြောပါတယ်။

သတင်း - နွေလှိုင်း(YU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013