DVB Logo
Home
မြန်မာသတင်း
Happy New Year ကို နေအိမ်တွင် နေပေးကြရန် ပုသိမ်ဆေးရုံအုပ်ကြီး တိုက်တွန်း
DVB
·
December 20, 2020
Happy New Year ကို နေအိမ်တွင် နေပေးကြရန် ပုသိမ်ဆေးရုံအုပ်ကြီး တိုက်တွန်း
Donate to DVB

၂၀၂၁ Happy New Year ကို အိမ်ထဲမှာ အေးအေးချမ်းချမ်းနဲ့ သက်သောင့်သက်သာနေပေးဖို့ လူငယ်တွေကို ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က တိုက်တွန်းလိုက်ပါတယ်။

“လူငယ်တွေက ငါတို့ မသေပါဘူး၊ ငါတို့က ဘာမှမဖြစ်ဘူး၊ ပျော်ပျော်ပါးပါးနဲ့ထွက်ပေမဲ့ လူငယ်တွေ မသေပါဘူး၊ ဒါပေမဲ့ လူငယ်တွေက ရောဂါပိုးတွေ သယ်လာပြီး အိမ်မှာရှိတဲ့လူကြီးတွေ ဒုက္ခရောက်လိမ့်မယ်။ ၂၀၂၁ကို အေးအေးချမ်းချမ်းနဲ့ သက်သောင့်သက်သာနဲ့ ကိုယ်အိမ်မှာပဲ နေပါ ၊ လမ်းပေါ်ထွက်ပြီး countdown လုပ်တာတွေ၊ လမ်းပေါ်ထွက်ပြီးတော့ Happy New Year လုပ်တာမျိုးတွေ မလုပ်ပါနဲ့။”

ပုသိမ်မြို့မှာ ကိုဗစ်လူနာတွေကို ပုသိမ်ဆေးရုံနဲ့ တိုင်းရင်းဆေးရုံတွေမှာ ကုသပေးနေပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ပုသိမ် ကိုးသိန်းဆေးရုံပါ ထပ်မံဖွင့်လှစ်ကုသပေးနေတယ်လို့ သိရပါတယ်။

အထိမ်းအမှတ်နေ့တွေမှာ လမ်းပေါ်ထွက်ပြီး ပျော်ပွဲဆင်နွှဲကြတာကြောင့် ကိုဗစ်ကူးစက်မှု တိုးလာလိမ့်မယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ်က သတိပေးပါတယ်။

“တန်ဆောင်တိုင်မှာ ပျော်ခဲ့တယ်။ အပျော်တွေက ဒီမှာ လာကြုံတွေ့ရတဲ့ အနေအထားပဲ။ ဒီဇင်ဘာ ၂၅ ခရစ္စမတ်၊ ဇန်နဝါရီ ၁ ရက်နေ့တွေမှာ လမ်းပေါ်ထွက်ကြလိမ့်မယ်။ အဲဒီလို ထွက်ကြပြီး ပျော်ကြလိမ့်မယ်၊ ပျော်ပြီးရင် ၁၄ ရက်၊ ၁၅ ရက်လောက်ကြာပြီးရင် ဇန်နဝါရီ ၁၀ နဲ့ ၁၅ ရက်ကြားထဲမှာ ကိန်းဂဏန်းတွေ ထိုးတက်လာလိမ့်မယ်။”

ပုသိမ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅၃၅ ဦး ကုသပေးခဲ့ပြီး ဆေးရုံဆင်းသူ ၃၉၆ ဦးရှိပါတယ်။ ပုသိမ်ဆေးရုံမှာ ၂၂ ဦး၊ တိုင်းရင်းဆေးရုံမှာ ၁၀၆ ဦး၊ ကိုးသိန်းဆေးရုံမှာ ၇ ဦးကို လတ်တလော ကုသပေးနေပြီး သေဆုံးသူ ၄ ဦး ရှိတယ်လို့ ပုသိမ်ဆေးရုံက သိရှိပါတယ်။

ပုသိမ်မှာ အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာ များလာပြီး ကျန်းမာရေးဝန်ထမ်းတချို့ Quarantine ဝင်နေရတာကြောင့် အခက်အခဲရှိတယ်လို့ သိရပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “ပုံမှန်နေရာတခုမှာ positive ထွက်တာ ကြောက်စရာမဟုတ်ပေမဲ့ စျေးထဲက ဘယ်ကို ပြန့်လို့ပြန့်သွားမှန်း ဆရာတို့က လိုက်ရ တအားခက်တာ။ ပုသိမ်မှာဖြစ်တဲ့ စျေးက မြို့မစျေးမှာလည်း ဖြစ်တယ်။ ဘူတာဈေးမှာလည်း ဖြစ်တယ်။ ကမ်းနားဈေးမှာလည်း ဖြစ်တယ်။ ဈေးမှာလည်း ဖြစ်တယ်၊။ ဈေးတွေတော်တော်များများမှာ positive ထွက်တော့ အဲဒီပိုးတွေ ပျံ့နှံ့နှုန်း တော်တော်လေး ဆိုးဝါးတဲ့ အနေအထားကို ရောက်လာတယ်။ ဆရာတို့ လိုက်လို့မနိုင်တော့ဘူး။ ဘယ်သူက ဘယ်ကို ထိစပ်ပြီးတော့ ဆက်သွားတယ်ဆိုတာ မသိတော့ဘူး။ အဲဒီအခါကျတော့ အနံ့ပျောက်တွေက တဖြည်းဖြည်းနဲ့ ရောက်ရောက်လာတယ်” လို့  ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃,၉၃၄ ဦး ရှိပြီး ဆေးရုံဆင်းသူ ၃,၁၈၉ ဦးရှိပြီး သေဆုံးသူ ၃၂ ဦးအထိ ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013