DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၁ ဦး ထပ်တွေ့၊ လူနာစုစုပေါင်း ၂၁၈၁ ဦးရှိလာ
DVB
·
December 20, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၁ ဦး ထပ်တွေ့၊ လူနာစုစုပေါင်း ၂၁၈၁ ဦးရှိလာ
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ လူနာသစ် ၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၂၁၈၁ ဦး ရှိပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။


အတည်ပြုလူနာတွေကတော့ မြို့သစ်က ၁၄ ဦး၊ စလင်း ၁၀ ဦး၊ မကွေး ၅ ဦး၊ ရေနံချောင်း ၃ ဦး၊ မင်းဘူး ၃ ဦး၊ ချောက် နဲ့ ဆင်ပေါင်ဝဲ ၂ ဦးစီ၊ ငဖဲနဲ့ စေတုတ္တရာ ၁ ဦးစီတို့ ဖြစ်ပါတယ်။


ပိုးတွေ့လူနာတွေအနက် မြို့သစ်က ၉ ဦး၊ စလင်းက ၉ ဦးနဲ့ မင်းဘူးက ၂ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ ကျန်သူတွေကတော့ ရခိုင်၊ ရန်ကုန်၊ မန္တလေးနဲ့ ထိုင်းက ပြန်လာသူတွေဖြစ်ပြီး ကွာရန်တင်းစင်တာတွေက ဖြစ်ပါတယ်။


မကွေးတိုင်းမှာ ဒီနေ့မနက်အထိ ပိုးတွေ့လူနာစုစုပေါင်း  ၂၁၈၁ ဦးနဲ့ သေဆုံးလူနာ ၅ ဦးရှိပြီလို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013