DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာများကို နေအိမ်တွင် ကုသနေရသည့်သတင်း မဟုတ်ဟု ကျန်းမာရေးတာဝန်ရှိသူပြော
DVB
·
December 19, 2020
ကိုဗစ်လူနာများကို နေအိမ်တွင် ကုသနေရသည့်သတင်း မဟုတ်ဟု ကျန်းမာရေးတာဝန်ရှိသူပြော
Donate to DVB

ကုသရေးစင်တာတွေနဲ့ ဆေးရုံတွေ မလောက်လို့ အတည်ပြုလူနာတွေကို အိမ်မှာထား ကုသနေရတယ်ဆိုတာ မဟုတ်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက ကိုဗစ်-၁၉ ကုသရေးစင်တာတွေနဲ့ ဆေးရုံတွေမှာ အတည်ပြုလူနာ ထားစရာမရှိတော့လို့ နေအိမ်တွေမှာပဲ ထားရှိကုသပေးနေရတယ်ဆိုတာက သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းအတွင်းမှာ ကုသရေးစင်တာ ၁၅ ခုရှိသလို လူနာတွေအတွက် ခုတင်နေရာက ၁၃၀၀၀ ကျော် ရှိနေတဲ့ အခြေအနေပါ။ လက်ရှိမှာ ကုသပေးနေရဆဲ လူနာ ၆၈၀၀ ကျော်သာရှိလို့ ခုတင်အလွတ်တွေ အများကြီးရှိနေသလို လက်ခံကုသပေးနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဟာ လက်ရှိအချိန်အထိလည်း ပိုးတွေ့လူနာ အများဆုံးရှိနေဆဲဖြစ်ပြီး တနိုင်ငံလုံး ပိုးတွေ့နှုန်းရဲ့ ၇၀ ရာခိုင်နှုန်း ရှိနေဆဲပဲ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ကုသရေးစင်တာတွေမှာ စေတနာ့ဝန်ထမ်း၊ ကုသရေးဝန်ထမ်းနဲ့ လူနာအင်အား မမျှတမှုတွေတော့ ရှိနေဆဲပါ။ အခုလို စေတနာ့ဝန်ထမ်းနဲ့ ကုသရေးဝန်ထမ်းတွေ ပင်ပန်းပြီး အင်အားလျော့နည်းလာတာတော့ ရှိပေမယ့် ကုသရေးစင်တာတွေ ရပ်တန့်သွားတဲ့အထိတော့ မဟုတ်သေးဘူးလို့လည်း ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းမှာ ကုသရေးစင်တာတွေဖြစ်တဲ့ လှိုင်၊ ရိုးမကုသရေးစင်တာ၊ အောင်မြင့်မိုရ် ကုသရေးစင်တာ၊ ဖောင်ကြီး၊ ဝေဘာဂီ စတဲ့ ကုသရေးစင်တာ စုစုပေါင်း ၁၅ ခုရှိပြီး အဲဒီနေရာတွေမှာ လူနာတွေကိုကုသပေးနေတာပါ။ 

မြို့နယ်ဆေးရုံတွေမှာလည်း လူနာတွေ ကုသနိုင်ဖို့ ပြင်ဆင်ထားတာကြောင့် ကုသရေး ခုတင်အလွတ် ၆၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၄,၁၉၈ ယောက်၊ သေဆုံးသူ ၂,၃၉၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၂,၉၁၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း - သင်းသင်းဇော်၊ ဓာတ်ပုံ - ဝေဘာဂီပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်-ICU (ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013