DVB Logo
Home
မြန်မာသတင်း
ကူးစက်နှုန်းလျော့ကျလာ၍ stay at home ဖြေလျှော့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ ပြော
DVB
·
December 19, 2020
ကူးစက်နှုန်းလျော့ကျလာ၍ stay at home ဖြေလျှော့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ ပြော
1 / 2
Donate to DVB

မန္တလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာတာကြောင့် stay at home အစီအစဉ်ကို ဖြေလျှော့လိုက်တာလို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ stay at home အစီအစဉ် မစတင်ခင်က ကူးစက်မှုနှုန်း ၁၆ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး တစ်ပတ်ခန့်အကြာမှာ ၁၂ ရာခိုင်နှုန်းအထိသာ ကျဆင်းလာတယ်လို့ တိုင်းလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

ဝန်ကြီး ဦးဇာနည်အောင်က “ကျနော်တို့ stay at home လုပ်တယ်။ လုပ်တဲ့အခါမှာ ကျနော်တို့က သူ့ရဲ့ ရောဂါထိန်းချုပ်တဲ့ သဘောတရားအရလည်းပဲ သူက ဆယ်ရက်ကျော်တော့မှ အဲဒီရဲ့ results ကို တွေ့တာဖြစ်ပါတယ်။ ကျနော်တို့ မန္တလေးတိုင်းဒေသကြီးမှာလည်းပဲ stay at home လုပ်တဲ့အချိန်မှာ ကူးစက်မှုနှုန်းက ၁၆ ဒသမ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီကနေ တက်လိုက် ကျလိုက်နဲ့၊ Graph ကို ကြည့်မယ်ဆိုရင် graph က ထောင်တက်လိုက် ပြန်ဆင်းလိုက်နဲ့ တွေ့မှာ ဖြစ်ပါတယ်။ ကျနော်တို့က ဒီဇင်ဘာ ၁၃ ရက်လောက်ကနေ စပြီးတော့ ၁၂ ဒသမ ၃ ရာခိုင်နှုန်းလောက်ကနေပြီးတော့ တောက်လျှောက် ၁၂ ဒသမ ကျော်ကျော်လေးပဲ ဖြစ်လာတာကြောင့် ကျနော်တို့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကဆိုရင် ၁၁ ဒသမ ၂ လောက်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ မန္တလေးသူ မန္တလေးသားတွေ ညီညီညွတ်ညွတ်နဲ့ stay at home နေလိုက်ကြတဲ့ ရလဒ်ဟာ ကူးစက်ပြန့်ပွားတဲ့နှုန်း ဆယ်ရက်ကျော်တဲ့အခါမှာ ကျဆင်းလာတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ လေကြောင်းသွားလာရေး အစီအစဉ်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေသလို ပိတ်ထားတဲ့ စားသောက်ဆိုင်တွေကိုပါ ကိုဗစ် ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့်ပြုနေတာလို့ သိရပါတယ်။ 

ဒါ့အပြင် လူမှုရေး၊ စီးပွားရေး အခြေအနေတွေ၊ စားဝတ်နေရေး အခြေအနေတွေ ဒီထက် ပိုမထိခိုက်စေဖို့ new normal အတိုင်း နေထိုင်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း ကိုဗစ်ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာကြဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

“ဒါကို ကျနော်တို့ ပြန်ပြီး ဖွင့်ပေးလိုက်တယ်ဆိုတာက တနိုင်ငံလုံး အတိုင်းအတာနဲ့ လေကြောင်းလိုင်းတွေ ဖွင့်ပြီ။ နောက်တစ်ခုက ပိတ်ထားတဲ့ ဆိုင်တွေကို စည်းကမ်းတကျ ကိုဗစ်-၁၉ ညွှန်ကြားချက်နဲ့အညီ ဖွင့်ဖို့ဆိုတာ ဗဟိုကာထိမ်းကုကလည်း ညွှန်ကြားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ မန္တလေးတိုင်းဒေသကြီးအနေနဲ့လည်းပဲ ခုနလို စားသောက်ဆိုင်တွေ အပါအဝင် ကျန်တဲ့ လုပ်ငန်းတွေကို ကိုဗစ်-၁၉ ညွှန်ကြားချက်နဲ့ အညီ ပြန်လည်ဖွင့်လှစ်လည်ပတ်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။ ဒီဟာကလည်းပဲ ကျနော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ အားလုံးကို မေတ္တာရပ်ခံချင်တာက new normal ။ ကျနော်တို့ဟာ ကိုဗစ်နဲ့အတူ ရှင်သန်ဖို့ ကျနော်တို့ရဲ့ အလေ့အထတွေကို အမြဲတမ်းပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာတော့ stay at home သတ်မှတ်ထားတဲ့ ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အမရပူရမြို့နယ်တွေကလွဲပြီး အခြားမြို့နယ်တွေက အစားအသောက် ရောင်းချတဲ့ဆိုင်တွေကို  စိစစ်ကာ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ရေး လိုက်နာရန် သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေအရ ကိုက်ညီကြောင်း (A) အဆင့် သတ်မှတ်ခံရတဲ့ ဆိုင်တွေကို ဆိုင်ထိုင် စားသောက်ခွင့်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုနေပြီ ဖြစ်ပါတယ်။ 

Stay at home သုံးမြို့နယ်က ဆိုင်တွေကတော့ ဆိုင်ထိုင်စားစနစ်နဲ့ ပြန်လည်ရောင်းချခွင့် မပေးသေးဘဲ ပါဆယ်စနစ် (Take-Away) နဲ့ပဲ ရောင်းချခွင့်ပြုထားသေးတယ်လို့လည်း သိရပါတယ်။

မန္တလေးခရိုင်မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၁၅ ရက်အထိ stay at home ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်ထွက်ခွင့်မပြုဘဲ သတ်မှတ်စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ဒဏ်ရိုက်ခံရသူ ၁၃၂၀၀ ကျော်ရှိပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၆၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါငွေတွေကို ကိုဗစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ အဓိကထား အသုံးပြုသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013