DVB Logo
Home
မြန်မာသတင်း
ကယားတွင် ကိုဗစ်လူနာ ၁ ဦး ပထမဆုံး သေဆုံး
DVB
·
December 19, 2020
ကယားတွင် ကိုဗစ်လူနာ ၁ ဦး ပထမဆုံး သေဆုံး
Donate to DVB

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတတဲ့ အသက် ၇၂ အရွယ် ကိုဗစ်-၁၉ လူနာ ဦးထွန်းရီ ဒီမနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်မှာ သေဆုံးသွားတယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်စန်းမြင့်က အတည်ပြုပြောပါတယ်။

လူနာဟာ မိသားစု ၃ ဦးနဲ့အတူ ရန်ကုန်တောင်ဒဂုံကနေ ကယားပြည်နယ် လွိုင်ကော်ကို ပြန်လာခဲ့ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့တာပါ။

ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းမြင့်က‌ “ဆုံးသွားတဲ့လူက အသက် ၇၂ အရွယ် ဦးထွန်းရီပါ။ ရန်ကုန် တောင်ဒဂုံကနေ လာပြီးတော့ ကွာရန်တင်းစင်တာကနေ positive တွေ့ပြီး အစ်မတို့ မိသားစုလိုက် စောင့်ရှောက်ထားရတဲ့လူနာပါ။ သူက အခြေခံ ကျောက်ကပ်မကောင်းတဲ့ရောဂါ ရှိပါတယ်။ ကျောက်ကပ်ရဲ့သွေးအဖြေတွေ အခုရက်မှာ ဆေးကုသနေရင်းနဲ့ တရက် တရက်ပိုတက်ပြီးတော့ ကျောက်ကပ်ဆေးရတဲ့အထိ လက်ခံနိုင်တဲ့ အခြေအနေအထိ မရောက်သွားဘူးပေါ့နော်။ ကျောက်ကပ်မကောင်းလို့ သေဆုံးသွားတာပါ” လို့ ပြောပါတယ်။

သူ့ရဲ့ ရုပ်လောင်းကိုတော့ ရွှေလွိုင်ကော်ပဟိတအဖွဲ့က သွားရောက်သယ်ဆောင်ပြီး ဒီကနေ့ မီးသင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ ဇနီးကလည်း အဆုတ်မကောင်းတဲ့အတွက် အောက်စီဂျင် တောက်လျှောက်ပေးပြီး ကုသနေရတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သေဆုံးသူ ဦးထွန်းရီနဲ့ သူ့အမျိုးသမီးတို့ဟာ အသက် ၇၀ ကျော်အရွယ်တွေဖြစ်ပြီး သူတို့နဲ့အတူ ပိုးတွေ့တဲ့မိသားစုဝင်ထဲမှာ အသက် ၂ နှစ်ခွဲအရွယ်ကလေး ၁ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် ၁ ဦးတို့ဖြစ်ပါတယ်။

အသက် ၄၀ ကျော် အမျိုးသမီးနဲ့ အသက် ၂ နှစ်ခွဲအရွယ် ကလေးကတော့ ကျန်းမာရေး ပုံမှန်အနေအထားရှိတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၉ ဦးရှိလာပြီး ၂၈ ဦး ဆေးရုံဆင်းပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့နယ်ဆေးရုံတွေမှာ ကုသမှုခံယူနေရဆဲသူပေါင်း ၄၁ ဦး ရှိပါတယ်။

Photo : Lkw Lkw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013