DVB Logo
Home
မြန်မာသတင်း
မန္တလေးလေဆိပ်ဝန်ထမ်းများအား ကိုဗစ်-၁၉ စစ်ဆေး၊ ဝန်ထမ်း ၁ ဦးတွင် ပိုးတွေ့
DVB
·
December 18, 2020
မန္တလေးလေဆိပ်ဝန်ထမ်းများအား ကိုဗစ်-၁၉ စစ်ဆေး၊ ဝန်ထမ်း ၁ ဦးတွင် ပိုးတွေ့
1 / 13
Donate to DVB

မန္တလေးအပြည်ပြည်ဆိုင်ရာမှာ လေဆိပ်ဝန်ထမ်းတွေကို ဆေးစစ်ရာမှာ ဝန်ထမ်း တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့  လေဆိပ် တာဝန်ရှိသူတွေထံက သိရပါတယ်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ  ဒီဇင်ဘာလ ၁၉ ရက်ကစပြီး ပြည်တွင်းလေကြောင်းတွေ စတင်ပြေးဆွဲမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းက ဆေးစစ်ခဲ့တဲ့အခါ အမျိုးသမီး ဝန်ထမ်းတစ်ယောက်မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာပါ။

အဆိုပါအမျိုးသမီးဟာ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်ပြီး ရောဂါ လက္ခဏာ မပြဘူးလို့လည်း သိရပါတယ်။ သူ့ရဲ့ မိသားစုနဲ့အတူ ထိတွေ့ခဲ့တဲ့ လေဆိပ်ဝန်ထမ်း တချို့ကိုပါ အသွားအလာကန့်သတ်ထားရှိဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

တံတားဦးမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဦးမြင့်ဦးက"အကုန်လုံး၊ အားလုံးပေါင်း ၃၅၀ နီးပါးပေါ့နော်၊ မနက်ပိုင်းမှာ ၁၄၇ ဦး နီးပါးလောက်စစ်တယ်၊ အဲ့မှာ ပေါ့စတစ် တစ်ဦးတွေ့တယ်။ အဲ့ဒီ ပေါ့စတစ်တွေ့တဲ့သူကို ကျနော်တို့က  တံတားဦးဆေးရုံကို ပို့လိုက်တယ်။" လို့ ပြောပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ ဝန်ထမ်းကိုလည်း ကွာရန်တင်းတားရှိမယ်လို့ ပြောပါတယ်။

လေဆိပ် တာဝန်ကျ ဝန်ထမ်းတွေထဲကမှ ခရီးသည်နဲ့ တိုက်ရိုက် ထိတွေ့ရမယ့် ဝန်ထမ်းတွေ၊ MJas တာဝန်ကျဝန်ထမ်းတွေ၊‌ လေယာဉ်မှူးတွေ၊ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ၊ လ၀က ဝန်ထမ်းတွေ၊ အကောက်ခွန် ဝန်ထမ်းတွေ၊ ပြေးဆွဲမယ့် လေကြောင်းလိုင်းတွေက ဝန်ထမ်းတချို့နဲ့ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်း စုစုပေါင်း ၃၆၀ကျော် ကို  RDT Test  နဲ့ စစ်ဆေးပေးခဲ့တာလို့ သိရပါတယ်။

လေယာဉ် စီးနင်းမယ့် ခရီးသည်တွေ အနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါအတွက် ကျန်းမာရေး စစ်ဆေးချက်တွေ ပါရှိရမှာ ဖြစ်ပြီး လေဆိပ်မှာလည်း ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ အညီ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ကိုဗစ်ကာလအတွင်းမှာ မိမိတို့နေထိုင်ရာ ကျေးရွာတွေကို မပြန်ခိုင်းပဲ လေဆိပ်က ဝန်ထမ်းအိမ်ရာတွေမှာပဲ နေထိုင်ဖို့ ဆောင်ရွက်ပေးစေလိုတယ်လို့ တံတားဦးမြို့နယ်၊ ရေခါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေခါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇာနည်က"လေဆိပ်က ဝန်ထမ်းတွေ အပေါ်မှာ သူတို့ ဆောင်ရွက်ပေးတာကတော့၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးတာကတော့ ကျေနပ်ပါတယ်၊ပြောစရာမရှိပါဘူး။ သူတို့ ဝန်ထမ်းတွေကို သီးသန့် ထားရှိတာမျိုးတော့ ဖြစ်စေချင်တယ်ပေါ့။ကျနော်တို့ရွာတွေဆိုတာ မိသားစုတွေနဲ့ ဆက်စပ်နေတာပေါ့။ တကယ်တမ်းဆို သူတို့ ဝန်ထမ်းအိမ်ရာမှာ သူတို့ ထားပေးရင် ပိုကောင်းမယ်ပေါ့" လို့ ပြောပါတယ်။

ရေခါးကျေးရွာကနေ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျေးရွာသား ၃၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ရေခါးကျေးရွာ အနီးက ကျေးရွာ တစ်ရွာမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုတွေ ရှိနေတဲ့အတွက် ရေခါးကျေးရွာအတွင်း လူ အဝင်အထွက် စစ်ဆေးတာ၊ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ပေးနေပါတယ်။

သတင်း- ထိန်ထိန်လင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013