Home
မြန်မာသတင်း
၂၀၁၉ အမျိုးသားစာပေဆုပေးပွဲ အကျဉ်းချုံးကျင်းပ (ဓာတ်ပုံ)
DVB
·
December 15, 2020
130719383_10158708615292305_2939301638819714859_o
131128713_10158708615222305_3883400722752431250_o
131108770_10158708615302305_4443731904209926392_o
131304737_10158708615117305_9137258741597839197_o
131036798_10158708615147305_464137432127091492_o
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနဲ့ အမျိုးသားစာပေဆုပေးပွဲကို ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့  ရန်ကုန်မြို့ UMFCCI မှာ အကျဉ်းချံးကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ကိုဗစ်စည်းကမ်းနဲ့အညီ လူ‌ဦးရေ ၃၀ လောက်နဲ့ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပြန်ကြားရေးဝန်ကြီး  ဒေါက်တာဖေမြင့်တို့တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နဲ့ စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိခဲ့ပါတယ်။ အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို မိုးကျော်ဇင် ရေးသားတဲ့  “ငါးဖမ်းသမား”  စာအုပ်၊ ဝတ္ထုတိုဆုကို နတ်မောက်အနီချို ရေးသားတဲ့ “လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ” စာအုပ်၊ ကဗျာဆုကို  ပန်ဒိုရာ ရေးသားတဲ့ “ခရုပစ်လောင်ချာ”စာအုပ် ၊ စာပဒေသာဆုကို ဉာဏ်ဝေ(မြစ်သာမြေ) ရေးသားတဲ့ “နှင်းတောင်တန်းက ပန်းဥယျာဉ်” စာအုပ်၊ ဘာသာပြန် (သုတ)ဆုကို ဘိုးလှိုင် ဘာသာပြန်ဆိုတဲ့ “ဂျဝါဟာလား နေရူး၏ လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း” စာအုပ်၊ ဘာသာပြန်(ရသ)ဆုကို စိန်ဝင်းစိန် ဘာသာပြန်ဆိုတဲ့ “ဝါဆောက ရုပ်သေးဆရာလေး” စာအုပ်တို့က ရရှိပါတယ်။၊  သုတပဒေသာ(ဝိဇ္ဇာ) ဆုကိုတော့ ဒေါက်တာဇော်နိုင် ရေးတဲ့ “၂၀ ရာစု မြန်မာကဗျာများ ပြောင်းလဲဖြစ်တည်လာပုံ” စာအုပ်၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုကို ဒေါက်တာလှကြည်(အာဟာရဆရာဝန်ကြီး) ရေးသားတဲ့ “ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ” စာအုပ်၊ နိုင်ငံရေးစာပေဆကို ဆင်ဖြူကျွန်းသန်းထွန်း ရေးတဲ့  “မြန်မာ့နိုင်ငံခြား ဆက်ဆံရေးများ” စာအုပ်နဲ့ ရသစာတမ်း(အက်ဆေး)ဆုကိုတော့ မောင်ခိုင်လတ်ရေးတဲ့ “ဘုရားသခင်နဲ့ ကြွေအန် ကစားသူများ အက်ဆေးစုစည်းမှု” စာအုပ်တို့က ရရှိခဲ့တာပါ။ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်တာဖြစ်ပြီး အမျိုးသားစာပေဆုတွေကတော့  တစ်ဆုကို ငွေကျပ် ၂၅ သိန်း ချီးမြှင့်တာဖြစ်ပါတယ်။ Photo - Nyein Chan Oo / MPA  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024