DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကို ထိခိုက်စေသည့် သတင်းများမရေးရန် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ခြိမ်းခြောက်
DVB
·
January 22, 2025
စစ်တပ်ကို ထိခိုက်စေသည့် သတင်းများမရေးရန် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ခြိမ်းခြောက်
Donate to DVB

သတင်းမီဒီယာတွေ အနေနဲ့ စစ်ကောင်စီနဲ့ တပ်မတော်ကို ထိခိုက်စေတဲ့ သတင်းတွေမရေးဖို့နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးတဲ့သတင်းတွေမရေးဖို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက  ဇန်နဝါရီ ၂၁ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့လို့ သက်မှတ်ကြောင်းထုတ်ပြောထား တာဖြစ်လို့ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးအားမြှောက်ပြုတဲ့သတင်းတွေရေးရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသွားတာပါ။ 

ဒါ့အပြင်စာပေထုတ်လုပ်ရေးလုပ်ငန်းတွေမှာပါတဲ့ ညစ်ညမ်းစာပေတွေကို စာပေအဆိပ်သင့်မှာစိုး တာကြောင့်  အရေးယူနေပြီး တေးသီချင်းတွေနဲ့ ဗီဒီယိုတွေကိုပါ ထိန်းချုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောာင်စီပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာတွေကို ပိတ်သိမ်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ ဆက်တိုက်လုပ်ခဲ့သလို စာအုပ်ထုတ်ဝေရေး လုပ်ငန်းတချို့ကိုလည်း ညစ်ညမ်းစာပေထုတ်ဝေတယ်ဆိုတဲ့ စွဲချက်နဲ့ လိုင်စင်ပိတ်သိမ်း တရားစွဲတာတွေ လုပ်ခဲ့ပါတယ်။

ဒါဟာအရင်စစ်အစိုးရလက်ထက်က စာပေကင်ပေတိုင်လို့ ခေါ်တဲ့ စာပေစိစစ်ရေးစနစ်ကိုပြန် အသက်သွင်းနေတာ ဖြစ်တယ်လို့လည်း ဝါရင့်မီဒီယာသမားတွေက သုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံဟာ သတင်းသမားတွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်မှု အဆုံးရွားဆုံးနိုင်ငံတွေမှာ ပါဝင်ပြီး ကမ္ဘာမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု တတိယ အများဆုံးနိုင်ငံဖြစ်တယ်လို့ အမေရိကန် အခြေစိုက် သတင်းသမားများကူညီစောင့်ရှောက်ရေးအဖွဲ့ (CPJ) က ထုတ်ပြန်ထား ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013