DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၃၇၆ ဦးတွင် ရန်ကုန်က ၇၈၅ ဦး၊ မန္တလေးက ၂၈၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 12, 2020
ကိုဗစ်လူနာသစ် ၁,၃၇၆ ဦးတွင် ရန်ကုန်က ၇၈၅ ဦး၊ မန္တလေးက ၂၈၄ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၃၇၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၇၈၅ ယောက်၊ မန္တလေးတိုင်းက ၂၈၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၆ နာရီ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၁၀၇ ယောက်၊ မှော်ဘီ ၆၉ ယောက်၊ တောင်ဒဂုံ ၄၆ ယောက်၊ သင်္ဃန်းကျွန်း ၄၄ ယောက်၊ လှိုင်သာယာ ၃၇ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း  မြို့နယ် ၄၂ ခုပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၂၈၄ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၈၈ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၁၄ ခုမှာ ၄၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၃၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၈ ခုမှာ ၃၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ အယောက် ၃၀၊ မကွေးတိုင်း မြို့နယ် ၈ ခုမှာ ၂၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၆ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၈ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ၈ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၈ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၇၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၁၀၅,၈၆၃ ယောက်၊ သေဆုံးသူ ၂,၂၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၄,၃၃၈  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၀ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၉ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013