DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု ပိုများလာ
DVB
·
December 12, 2020
ကယားပြည်နယ်တွင် ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု ပိုများလာ
Donate to DVB

ကယားပြည်နယ်အတွင်း ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု ပိုများလာတယ်လို့ ကရင်နီအမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။ 

ကိုဗစ်စတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး အလုပ်အကိုင်ရှားပြားလာတာနဲ့အတူ အိမ်အတွင်း အကြမ်းဖက်မှုလည်း အရင်ကထက် ပိုမိုများပြားလာတာလို့ ကရင်နီအမျိုးသမီအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂  မော်ဖရေမြာက ပြောပါတယ်။ 

“ကိုဗစ်ကာလမှာက အရင်ကထက်စာလို့ရှိရင်တော့ တိုးလာတာပေါ့။ တိုးလာတာက အိမ်တွင်းအကြမ်းဖက်မှုတချို့ ရှိမယ်။ ပြီးလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိမယ်။ အဲဒါတွေ များလာတယ်။ အဓိက အကြောင်းအရင်းပြောမယ်ဆိုရင်တော့ ကိုဗစ်ကာလမှာက အလုပ်တွေ ရပ်နားကြတယ်။ STAY AT HOME မှာ ကျမတို့ ပြည်နယ်က ဧပြီ၊ ဇွန် လလောက်ကစပြီး ဖြစ်တဲ့ဟာမျိုးမှာဆိုရင် ဖောက်ပြန်မှုတွေ ရှိတယ်။ နောက်တခုက စားဝတ်နေရေး အဆင်မပြေတော့  အကြမ်းဖက်မှုဖြစ်လာတဲ့ဟာမျိုးတွေ ရှိတယ်။ တချို့ဆိုလို့ရှိရင် တနေ့လုပ် တနေ့စားလုပ်တဲ့အချိန်မှာ အလုပ်က ထွက်ရှာရ။ နင်ရှာ၊ ကျမရှာ အဲဟာမျိုး စကားများကြတဲ့ဟာမျိုးကနေ လက်ပါခြေပါ ဖြစ်သွားတဲ့ဟာမျိုးတွေလည်း ရှိတာပေါ့နော်။  ”

ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေ များလာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်ကာလနဲ့ ကိုဗစ်ကာလပြီး နောက်ပိုင်း ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို  ကယားပြည်နယ် ကျန်းမာရေးနှင့် ကုသရေး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး၊ ပြည်နယ်ရဲဌာန၊ မီးသတ်ဦးစီးဌန၊ အရပ်ဘက် အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးမှုမှာ အမျိုးသမီးအဖွဲ့တွေက တင်ပြခဲ့တာတွေ ရှိတယ်လို့ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းကာကွယ်စောင့်ရှောက်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။ 

“ခါတိုင်း ကိုဗစ်မဖြစ်ခင်ကာလ တလမှ အလွန်ဆုံးရှိရင် နှစ်ယောက် သုံးယောက်ပဲ ရှိတာပေါ့။ အခုက တလကို ၁၀ ယောက်လောက်ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် သူတို့ လုံခြုံရေးစခန်းကို လာပြီးတော့ ခိုလှုံတဲ့အမျိုးသမီးတွေပေါ့နော်။ ဒီပေါ်မှာ အဖွဲ့တွေကနေပြီးတော့ ရဲစခန်းမှာ အမှုဖွင့်တာတို့၊ တရားရုံးမှာ ဦးတိုက်လျှောက်ပြီး အမှုဖွင့်တာတို့ ဆောင်ရွက်တာပေါ့နော်။ အဲလိုဆောင်ရွက်တဲ့အခါမှာလည်း တချို့ရဲစခန်းတွေက အမှုမဖွင့်ပေးဘဲနဲ့ အချိန်ဆွဲထားတာတွေရှိတယ်။ အဲလို ကြန့်ကြာမှုတွေရှိတယ်ဆိုပြီးတော့ အမျိုးသမီးအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက တင်ပြပါတယ်။ ရဲမှူးကြီးကတော့ သူတို့ဆီမှာ အဲဒီ CASE တွေ မရှိဘူးလို့ ပြောပါတယ်။ တကယ်လို့ ရှိမယ်ဆိုရင်လည်း ၁၉၉ ကို ဖုန်းဆက်ပြီးတော့ ဒါကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်အောင် ကူညီပါမယ်ဆိုပြီးတော့ ဂတိပေးထားပါတယ်။”

ကယားပြည်နယ်တွင်း မေလ၊ ဇွန်လလောက်ကနေ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတာဖြစ်ပြီး အဓိကအားဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ အများဆုံး ကြုံတွေ့ရတယ်လို့ အမျိုးသမီးအဖွဲ့က ပြောပါတယ်။ 

အမျိုးသမီးအများစုဟာ ခင်ပွန်းဖြစ်သူ ရိုက်နှက်တာ၊  ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲပြီး မိသားစုဝင်တွေကို ဓားနဲ့ အန္တရာယ်ပြုတာ စတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013