DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
December 10, 2020
ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ဒီဇင်ဘာ ၉ ရက်နေ့ က ဆေးစစ်ချက်တွေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ရွေးကောက်ပွဲ ငွေစာရင်းရှင်းတမ်းတွေကို လပွတ္တာမြို့ကို သွားရောက်ဆောင်ရွက်စဉ် ရောဂါပိုးရှိသူနဲ့ ထိတွေ့မိလို့ ဟိုတယ်ကွာရန်တင်းဝင်နေခဲ့တာ ဖြစ်ပြီး မနေ့က ဆေးစစ်ချက်အဖြေအရ ရောဂါပိုးကူးစက်ခံရတာကို အတည်ပြုနိုင်ခဲ့တာပါ။

တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက " ရွေးကောက်ပွဲ ငွေစာရင်းရှင်းတမ်းတွေလုပ်ဖို့ သွားတာပါ၊ ပထမအကြိမ်စစ်တုန်းက မတွေ့ဘူး ဒုတိယအကြိမ် Swab ယူပြီး NHL ကိုပို့ပြီးစစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ"လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ အသက် ၆၅ နှစ်အရွယ် စည်ပင်ဝန်ကြီး ဦးကျော်မြင့်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပေမယ့် လက်ရှိအချိန်မှာ ကျန်းမာရေးကောင်မွန်နေပြီး ပုသိမ်တိုင်းရင်းဆေးရုံကြီးမှာ ဆေးကုသတာတွေပြုလုပ် ပေးသွားဖို့ပြင်ဆင်နေပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာ တိုင်းအစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးရောဂါကူးစက်ခံခဲ့ရသလို လွှတ်တော်ရုံးက ဝန်ထမ်း ၁ ဦးလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၉ ရက် မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၄၁ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၆၅၅ ဦးရှိကာ သေဆုံးလူနာ ၂၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013