DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရန် ဆောက်လုပ်ရေးကုမ္ပဏီများကို စည်းကမ်းတင်းကျပ်
DVB
·
December 9, 2020
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရန် ဆောက်လုပ်ရေးကုမ္ပဏီများကို စည်းကမ်းတင်းကျပ်
1 / 2
Donate to DVB

ကယားပြည်နယ်အတွင်း ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး တင်ဒါအောင်ကုမ္ပဏီတွေအနေနဲ့ အတတ်နိုင်ဆုံး မိမိတို့ ကယားပြည်နယ်အတွင်းရှိ အလုပ်သမားတွေနဲ့သာ လုပ်ငန်းအောင်မြင်ရေးဆောင်ရွက်ဖို့ ပြည်နယ်စိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။



ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်တဲ့ ပဲခူးနဲ့ ရန်ကုန်က အလုပ်သားမား ၁၇ ဦးထံမှ ဒီဇင်ဘာ ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ပြည်နယ်အစိုးရက အခုလို ညွှန်ကြားချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါညွှန်ကြားချက်ဟာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်လိုက်နာဆောင်ရွက် ရမှာဖြစ်ပြီး အချက် ၅ ချက် ပါရှိပါတယ်။

အဲဒီညွှန်ကြားချက်တွေကတော့ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အတတ်နိုင်ဆုံး ကယားပြည်အတွင်းရှိ အလုပ်သမားတွေနဲ့သာ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ဖို့၊ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက သတ်မှတ်ထားတဲ့ မြို့နယ်တွေကနေ အလုပ်သမားကို ခေါ်ယူခြင်းမပြုလုပ်ဖို့၊ stay at home မသတ်မှတ်တဲ့ မြို့နယ်တွေက အလုပ်သမားတွေ ခေါ်ယူရာမှာလည်း ခေါ်ယူမယ့် အလုပ်သမားခေါင်းဆောင်ရဲ့ အမည်နဲ့ အလုပ်သမား အရေအတွက် စာရင်းကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ  ခွင့်ပြုချက်ရရှိမှသာ ခေါ်ယူဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ခေါ်ယူထားတဲ့ အလုပ်သမားတွေ ရောက်ရှိလာပါက သက်ဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာ ကွာရန်တင်း ဝင်ရောက်စေပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ် စစ်ဆေးမှုနဲ့ ကုန်ကျစရိတ်နဲ့ နေထိုင်စားသောက်ရေးစရိတ်ကိစ္စရပ်တွေကို ကုမ္ပဏီက ကျခံရမှာပါ။

တင်ဒါအောင်ကုမ္ပဏီက တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုပ်ငန်းခွင်အတွင်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်သမားစာရင်း ကိုယ်ရေးအချက်အလက် အပြည့်အစုံကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ အလုပ်ရုံ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနကို အသိပေး တင်ပြထားဖို့လည်း ညွှန်ကြားထားပါတယ်။

ဒီညွှန်ကြားစာကို ပြည်နယ် ခေတ္တဝန်ကြီးချုပ်ကိုယ်စား ဦးအံ့မော်ရဲ လက်မှတ်နဲ့ ဌာနဆိုင်ရာတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ဒီဇင်ဘာ ၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဦး ရှိပြီး အများစုကတော့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ကယားပြည်နယ်ကို အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။  လူနာ ၄၇ ဦးထဲက  ၂၁ ဦး ဆေးရုံဆင်းသွားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013