DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့် ရန်ကုန်မှပြန်လာပြီးနောက် ကွာရန်တင်းဝင်နေ
DVB
·
December 8, 2020
သမ္မတဦးဝင်းမြင့် ရန်ကုန်မှပြန်လာပြီးနောက် ကွာရန်တင်းဝင်နေ
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ ရန်ကုန်မြို့ကိုသွားရောက်ခဲ့တဲ့အတွက် နေအိမ်မှာ ကွာရန်တင်းဝင်နေခြင်းသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတဦးဝင်းမြင့်အနေနဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ကိုသွားရောက်ပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို တင်သွင်းခဲ့တာပါ။

ရန်ကုန်မြို့ကအပြန် ပုံမှန်ကွာရန်တင်းဝင်နေတဲ့အပေါ် မေးခွန်းထုတ်မှုတချို့ရှိခဲ့ပြီး ဦးဇော်ဌေးကတော့ သမ္မတရဲ့ ကျန်းမာရေးအထူးကောင်းမွန်နေတယ်လို့ ဒီဇင်ဘာ ၈ ရက်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆို ခဲ့ပါတယ်။

“ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ရန်ကုန်မြို့ကို သွားရောက်ခဲ့ပြီး ပြန်ရောက်လာတဲ့အတွက် ပုံမှန်အတိုင်း စည်းမျဉ်းစည်းကမ်းနဲအညီ ကွာရန်တင်း ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အထူး ကောင်းမွန်ပါတယ်။ ဘာမှ စိတ်ပူစရာမရှိပါဘူး။” လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာဟာ ၁ သိန်းကျော်လာပြီ ဖြစ်ပြီး အထူးသဖြင့် ဒုတိယလှိုင်းအတွင်းမှာ ပိုးတွေ့လူနာပိုမိုများပြားလာခဲ့တာပါ။ လက်ရှိအချိန်ထိလည်း ပိုးတွေ့လူနာတွေ့ရှိရမှု ကျဆင်းမသွားပေမယ့်လည်း အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဦးဇော်ဌေး က “ ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေကနေ ရောဂါဖြစ်ပွားမှုအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကျန်းမာ/အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကြပ်မတ် ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်တွေအလိုက် ရောဂါဖြစ်ပွားမှုနှုန်းထားနဲ့ အခြေခံအချက်အလက်တွေ (လူဦးရေသိပ်သည်းမှု၊ အကျယ်အဝန်း) မတူညီတာ ဖြစ်တဲ့အတွက် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်တဲ့အခါမှာ နည်းလမ်းတွေ ကွာခြားမှုတွေတော့ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၀၀၄၃၁ ဦးရှိပြီဖြစ်ပေမယ့် လူနာစုစုပေါင်းရဲ့  ၇၈ ဒသမ ၉ ရာခိုင်နှုန်းဟာ သက်ဆိုင်ရာဆေးရုံတွေကနေ ပြန်ဆင်းသွားပြီဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

Photo- President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013