DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၀၈ ဦးတွင် ရန်ကုန်က ၅၉၅ ဦး၊ မန္တလေးက ၁၈၃ ဦးဖြင့် အများဆုံးတွေ့
DVB
·
December 7, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၁၀၈ ဦးတွင် ရန်ကုန်က ၅၉၅ ဦး၊ မန္တလေးက ၁၈၃ ဦးဖြင့် အများဆုံးတွေ့
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၀၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၅၉၅ ယောက်၊ မန္တလေးတိုင်းက ၁၈၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒီကနေ့ညနေ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၆၄ ယောက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၅၁ ယောက်၊ မှော်ဘီ ၄၁ ယောက်၊ လှိုင်သာယာ အယောက် ၄၀၊ သန်လျင် ၃၈ ယောက်စီနဲ့ စုစုပေါင်း ၃၆  မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ်  ၂၁ ခုမှာ ၁၈၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၀ ခုမှာ ၉၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၈၁ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၅ ခုမှာ ၃၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၇ ခုမှာ အယောက် ၃၀၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၇ ယောက်၊ နေပြည်တော် ၅ မြို့နယ်မှာ ၁၅ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ ၁၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၆ ခုမှာ ၁၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ၁၀ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် ပလက်ဝ ၁ ယောက်၊ ကယားပြည်နယ် လွိုင်ကော် ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၂ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစု ပေါင်း ၉၉,၁၅၅  ယောက်၊ သေဆုံးသူ ၂,၁၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း  ၇၇,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၇ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၆ သန်းကျော် ရှိ နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013