DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၅၂၇ ဦးတွင် ရန်ကုန်က ၈၄၈ ဦး၊ မန္တလေးက ၂၆၈ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 6, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၅၂၇ ဦးတွင် ရန်ကုန်က ၈၄၈ ဦး၊ မန္တလေးက ၂၆၈ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၅၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၄၈ ယောက်၊ မန္တလေးတိုင်းက ၂၆၈ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံနဲ့ လှိုင်သာယာက အယောက် ၈၀ စီ၊ သာကေတက ၅၄ ယောက်၊ သင်္ဃန်းကျွန်းက ၄၉ ယောက်၊ ရွှေပြည်သာက ၄၄ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ မှာ ၂၆၈ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၆ ခုမှာ ၆၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၈၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၁၀ ခုမှာ ၈၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၇ ခုမှာ အယောက် ၅၀၊ မကွေးတိုင်းမြို့နယ် ၁၂ ခုမှာ ၃၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ နေပြည်တော် မြို့နယ် ၅ ခုမှာ ၁၄ ယောက်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ၁ ယောက်၊ ကရင်ပြည်နယ် မြိဝတီမြို့မှာ ၁၇ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၁၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၉၈၀၄၇ ယောက်၊ သေဆုံးသူ ၂၀၈၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၆၃၈၂ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၆ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၆ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013