DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ သံသယလူနာ ၁ ဦး သေဆုံး
DVB
·
December 6, 2020
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ သံသယလူနာ ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတဲ့ သံသယလူနာ ၁ ဦး ဒီနေ့မနက်က သေဆုံးသွားပါတယ်။

အဲ့ဒီ လူနာက RDT နဲ့ မနေ့က စစ်ဆေးထားတာ အဖြေက ပိုးမတွေ့ရှိဘဲ ဒီနေ့မနက် ၉ နာရီကျော်မှာ အမောဖောက်ပြီး သေဆုံးတာလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ပြောပါတယ်။

 “သူက မနေ့ည ၇ နာရီလောက်ဆေးရုံရောက်တယ်၊ သံသယ လူနာသတ်မှတ်တယ်။ RDT နဲ့ စစ်တာ Negative ထွက်တယ်၊ ဒီမနက် ၉ နာရီအချိန်မှာသေဆုံးတယ်။ စဝ်စံထွန်းက ပို့လာတဲ့ အချက်အလက်အရဆိုရင် သူက အဆုတ်ကင်ဆာဖြစ်နိုင်တယ်၊ ဆီချိုရှိတယ်၊ အရက်စွဲရောဂါရှိတယ်။”

သေဆုံးသူဟာ ကာလိမြို့မှာ ဒီဇင်ဘာ ၅ ရက် ညပိုင်းက အသက်ရှူကြပ်လို့ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူဖို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိနိုင်ဖို့ စဝ်စံထွန်းဆေးရုံ တာဝန်ရှိသူကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်းမရှိခဲ့ပါ။

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားပြီး ဆေးကုသမှု ခံယူနေသူ ဒီဇင်ဘာ ၅ ရက်အထိ  အယောက် ၄၀ ရှိတယ်လို့ သိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013